အပိုင်း-၄၈

1.3K 95 0
                                    

 အမုန်းသင့် ဧကရာဇ် (အပိုင်း-၄၈)

@@@@@@@@@@@@@@@

(က+ခ ဖြစ်ပါတယ်)

တံခါးကို ခေါက်လိုက်ရမလားဟု.. သူ တွေးလိုက်မိသေးသည်။ သို့သော်.. ဒီအတွေးကို တစ်ခဏအတွင်းမှာပင် သူ လက်လျော့လိုက်ရသည်။ နောက်ထပ် တစ်ကြိမ် တစ်ခုကို တွေးလိုက်တာက သူမနာမည်ကို ခေါ်ထုတ်ပြီး အခန်းအတွင်းမှ ခေါ်ထုတ်ဖို့.. နဂိုရ်ကတည်းက သူမက မင်းမိန့်ကြောင့် သေရမှာကို ကြောက်နေတာ.. လန့်ဖြန့်ပြီး ဖျားနာမသွားဘူးဟု မဆိုနိုင်ဘူး..၊ နောက်ထပ် အတွေးကိုလည်း လက်လျော့လိုက်ရပြန်သည်။

သူ့မှာ များပြားလှတဲ့ အစီအစဉ်တွေကို ဆောင်ရွက်နိုင်လျက်နှင့်.. ယခုလို မိန်းကလေး တစ်ဦးနှင့် တွေ့ဆုံဖို့အတွက်.. စီမံမှုက ရှားပါးလွန်းနေသလို ခံစားနေရသည်။ နောက်ဆုံးတွင်.. သူ အကောင်းဆုံး အကြံအစည်ကို ပြုလုပ်လိုက်နိုင်တော့၏။

ရန်ချီ၏ နောက်ဆုံးသော အကြံအစည်အရ.. အနောက်တော်ပါးမှ လိုက်ပါလာသော ဝူဟန်သည်.. ညကိုယ်ရံတော် တန်မဲ့ ဓားကို လက်တွင် ကိုင်ထားရင်း.. လက်ခုတ် နှစ်ဖက်ဖြင့်.. ပါးစပ်ကို ကာထားလျက်.. ကျယ်လောင်စွာသော အသံတို့ဖြင့်..

'သူခိုးဗျို့!!.. သူခိုး.. သူခိုး..'

သူခိုးဆိုသည့် အော်ဟစ်သံကြောင့် အနီးအနားရှိ.. နန်းဆောင်များတွင် မီးများလင်းလာ၏။ ရန်ချီ ကျေနပ်သွားသည်။ ဝူဟန်ကတော့ အော်ဟစ်ပြီးသည်နှင့် နန်းဆောင်တစ်ခု အပေါ်သို့ ပြေးတက်သွားတော့၏။ ထိုနေရာအနီးတစ်ဝိုက်တွင်လည်း မီးတုတ်များဖြင့် လင်းထိန်သွားတော့သည်။ စားဖိုဆောင် အကွယ်တွင် နေနေရာမှ.. သူမ၏ အခန်းကိုသာ ကြည့်နေလိုက်မိသည်။

တခြားသော အပျိုတော်များ ထွက်လာသော်လည်း သူမ မထွက်လာသဖြင့် ဒီအကြံအစည်ကို မှားယွင်းပြီဟု ထင်လိုက်မိသော်လည်း.. သိပ်မကြာခင်တွင်.. သူမတို့ အခန်းတံခါး ပွင့်လာသည်။ ထွက်လာသူကို လှမ်းကြည့်လိုက်တော့ နောက်ထပ်တစ်ကြိမ် စိတ်ပျက်မိသည်။ သူမ ဘာလို့ မထွက်လာတာလဲ..၊ ရန်ချီ ဒီအခြေအနေတွင်.. ထိုအခန်းအတွင်းသို့ တိတ်ဆိတ်စွာ ဝင်သွားရန်သာ တွေးလိုက်ပြီး ဖြတ်ခနဲ ထိုအခန်းအတွင်းသို့ လှမ်းဝင်လာခဲ့လိုက်သည်။

အမုန်းသင့်ဧကရာဇ် (The Hated Emperor)Where stories live. Discover now