အမုန်းသင့် ဧကရာဇ် (အပိုင်း-၄၂)
@@@@@@@@@@@@@@@
ချန်ကွမ်း ထိုမြင်ကွင်းကို.. မမြင်ရက်တော့ပဲ မင်းကြီးရှိရာသို့ လာခဲ့မိသည်။ မင်းကြီးက သူ့အား တွေ့တော့..
'ချန်ကွမ်း..'
'မင်းကြီး အနောက်နန်းဆောင်မှာ..'
'အနောက်နန်းဆောင်အရေးကို လာပြီး မတင်လျှောက်နဲ့..'
ချန်ကွမ်း တိတ်ဆိတ်သွားမိသည်။ သို့သော် တစ်လတာမျှ အတူတူ ရယ်မောခဲ့သော မျက်နှာကို မေ့လျှော့ရန် မဖြစ်ဟု တွေးလိုက်ပြီးမှ..
'မင်းကြီး အပျိုတော် စားဖိုဆောင်က အပျိုတော် သေတော့မယ်.. ခဲ့သျောင် မိဖုရားက သူမကို..'
ချန်ကွမ်း စကားမဆုံးမှီမှာပဲ.. သူ ထိုင်နေရာမှ ထရပ်လိုက်ပြီး..
'ငါ့နောက်လိုက်ခဲ့.. မဟုတ်ဘူး.. ငါ့ရှေ့ကသွား.. သူမကို ချက်ချင်း သွားခေါ်!!..'
ချန်ကွမ်း ထိုအရိုက်ခံနေရသော နေရာသို့ လျင်မြန်စွာ သွားလိုက်သော်လည်း.. အချက်ရေ ရေတွက်သံက..
'နှစ်ဆယ့်ကိုး..'
ချန်ကွမ်း တုန့်ဆိုင်း မနေပဲ မြောက်တက်လာသော တုတ်အား.. ဓားဖြင့် ပိုင်းဖြတ်ပစ်လိုက်၏။ ရိုက်နေသော ရဲမက်က အလန့်တကြားဖြင့် တုတ်ကို ပစ်ချလိုက်တော့.. နှစ်ပိုင်းဖြစ်သွားသော တုတ်က ရှောင်နန်အပေါ်သို့ ကျလာမည် စိုးသဖြင့် အဝေးသို့ ရောက်သွားအောင် ကန်ပစ်လိုက်သည်။
'ချွမ်း..'
'ဒေါင်..'
အနောက်မှ မပြေးရုံတစ်မယ် ရောက်လာသော မင်းကြီးကို မြင်တော့မှ ခဲ့သျောင်၏ ဇာမဏီကဲ့သို့ သေးသွယ်တောက်ပသော မျက်လုံးများက ပိုပြီး ကျဉ်းမြောင်းသွား၏။ သို့သော်..
'မင်းကြီး.. ကျွန်မက အနောက်နန်းဆောင်ကို ချုပ်ထိန်းနေတာမှာ.. မင်းကြီးက အခုလို ခဏခဏ လာပြီး စွက်ဖက်တော့.. ကျွန်မမှာ မိဖုရား ဆိုတဲ့ အာဏာက မရှိတော့ဘူး ဖြစ်ပါလိမ့်မယ်.. မင်းကြီး..'
ဒီစကားအရ သူ့မှာ နန်းတော်သူ တစ်ဦးကို သူမက အပြစ်ပေးနေခြင်းတွင် သူက သွားပြီး စွပ်ဖက်သလို ဖြစ်နေသည်ဟု စွပ်စွဲလိုက်ခြင်း ဖြစ်၏။ ထို့ကြောင့် ရန်ချီ မဲ့ခနဲ ပြုံးလိုက်မိသည်။
![](https://img.wattpad.com/cover/168169424-288-k93283.jpg)
ESTÁS LEYENDO
အမုန်းသင့်ဧကရာဇ် (The Hated Emperor)
Ficción Generalရေးသားသူ- စွဲညို့ Genr- Romance, Drama, Historical. ဧကရာဇ်တစ်ပါး၏ အရာအားလုံးကို ပိုင်ဆိုင်ရယူခြင်းနှင့်၊ ချစ်ရသူကို ဆုံးရှုံးခဲ့သော ဇာတ်လမ်းတစ်ပုဒ် Zawgyi+Uni