အမုန်းသင့် ဧကရာဇ် (အပိုင်း-၇၃)
@@@@@@@@@@@@@@@
မိဖုရားလေး ကျူးလွန်သမျှသော အပြစ်အားလုံးကို မျက်ကွယ်ပြုပြီး အနားတွင် အားတင်းလျက် ဆွဲခေါ်ထားသော မင်းကြီးသည်သာ တစ်လောကလုံးတွင် သနားရန် အကောင်းဆုံး ယောကျာ်းသား ဖြစ်နိုင်ပေလိမ့်မည်။
@@@@@@@@@@
အအေးနန်းဆောင်အတွင်း တိတ်ဆိတ်နေရုံသာမက မင်းကြီး၏ နန်းဆောင်နှင့် ဆိုလျှင် အတော်ကြီးပင် အလှမ်းဝေးသော နေရာတွင် တည်ရှိနေသည်။ နန်းတော်၏ အအေးဆုံးနေရာတွင် တည်ရှိနေသည့်အပြင် တော်ရုံပင် ရောက်ခဲလှသော နေရာတွင် တည်သည်။ အပျိုတော်၊ ရဲမက်၊ မည်သို့မျှ ပြည့်စုံလုံလောက်မှု မရှိနိုင်ပေ။
ယခင်က ထျောင်မင်းသားငယ်ကို ထားရှိခဲ့ဖူးသော နန်းဆောင်နှင့် ကပ်လျက်တွင် တည်ရှိပြီး ထျောင်နိုင်ငံ၏မိဖုရားမှာမူ အလွန်အမင်းကို လက်လျော့တတ်သော မိန်းမသားတစ်ဦး အဖြစ်သို့ပင် ပြောင်းလဲ သွားလေပြီ။ ထိုနေရာတွင် နေရမည်ကို မိဖုရားလေးသည်က ငြိမ်သက်စွာသာ အနည်းငယ်မျှပင် မည်သို့သော စကားဖြင့်မှ မတရားဘူး၊ တရားမျှတမှုကို ရှာပေးပါ စသဖြင့် ပြောဆိုခြင်းပင် မပြုပေ။ တည်ငြိမ်စွာဖြင့် ဆိတ်ငြိမ်စွာဖြင့် ငြိမ်သက်စွာဖြင့်သာ နေသည်။ လာပို့ပေးသော ထမင်းကို စားသည်။ အေးစက်နေသော နန်းဆောင်းအတွင်း နေထိုင်သည်။ အအေးနန်းဆောင်ဆိုသည်က ဝင်ရောက်ပြီးလျှင် ပြန်ပြီး ထွက်ရန်ခက်ခဲသော နေရာဖြစ်လေသည်။
အနွေးဓာတ်မလုံလောက် ဖြစ်မည်စိုးသဖြင့် ချိုင်ယွဲ့သည်သာ မြက်များကို လှီးချွတ်ပြီး အခြောက်ခံရသည်။ ထင်းအလုံအလောက် မရသော နန်းဆောင် ဖြစ်သည်ကြောင့် မြက်ခြောက်တွေကိုသာ သုံးရန်ရှိတော့သည်။ နွေးထွေးသော စောင်များ မရှိသည်တွင် မိဖုရားလေးက ညလေအေးတိုက်သော အချိန်တိုင်း သေးသေးကွေးကွေး ခန္ဓာကိုယ်လေးက တုန်ရင်သည်အထိ ချမ်းအေးရသည်။ သို့သော် ညည်းညူခြင်း အလျဉ်းပင် မရှိပေ။
မင်းကြီးသည်က ဒီတစ်ကြိမ်တွင် မိဖုရားလေးကို မျက်ကွယ်ပြုပြီ ထင်ပါသည်။ မင်းကြီး၏ ပစ်ပယ်ထားမှုကို ချိုင်ယွဲ့ မည်သူ့အား အပြစ်ဆိုရမှန်းပင် မသိပါလေ။ တိတ်ဆိတ်စွာဖြင့် ဖြစ်သမျှ ဆိုးဝါးမှုတွေကို အံကြိတ်ခံနေသော မိဖုရားလေးကိုလား၊ ဒါမှမဟုတ် ချစ်ခင်ရသူတွေ တစ်ဦးပြီး တစ်ဦး သေဆုံးနေရသော မင်းကြီးကိုလား၊ ချိုင်ယွဲ့ အမှန်တကယ်ကိုပဲ မဝေခွဲ နိုင်ပါတော့လေ။
ESTÁS LEYENDO
အမုန်းသင့်ဧကရာဇ် (The Hated Emperor)
Ficción Generalရေးသားသူ- စွဲညို့ Genr- Romance, Drama, Historical. ဧကရာဇ်တစ်ပါး၏ အရာအားလုံးကို ပိုင်ဆိုင်ရယူခြင်းနှင့်၊ ချစ်ရသူကို ဆုံးရှုံးခဲ့သော ဇာတ်လမ်းတစ်ပုဒ် Zawgyi+Uni