အပိုင်း-၇၆

1.8K 190 28
                                    

အမုန်းသင့် ဧကရာဇ် (အပိုင်း-၇၆)

@@@@@@@@@@@@@@@

'လွန်လွန်းတယ်!'

@@@@@@@@

'မင်းကြီး!!'

စာကြည့်ဆောင်သို့ ကိုယ်ရံတော်တွေ ဘယ်သူမှ အကြောင်းမကြားပဲနှင့် ဝင်လာခွင့်မရှိပေ။ ဝူဟန့်က အလန့်တကြားဖြင့် ပြေးဝင်လာသည်မှာ ပြေးသည့်အရှိန်ကို မထိန်းနိုင်ပါပဲနှင့် လျောခနဲပင် ဒူးထောက်လျက်ဖြင့် စားပွဲခုံစောင်းဖြင့် ဒူးဖြင့်တိုက်မှ ရပ်သွားသည်။

'မင်းဘာဖြစ်လာတာလဲ'

ရန်ချီ လက်အတွင်း ကိုင်ထားသော ဓားမြောင်ငယ်ကို သိမ်းဝှက်လိုက်ရင်း မေးမိသည်။ ဝူဟန့်က ပြောရခက်သော မျက်နှာဖြင့်

'မင်းကြီး အခုသွားမှ ဖြစ်ပါမယ်၊ အခုနတုန်းက နေမညိုခင်မှာ မင်းသမီးခိုင်ရှင့်က မိဖုရားရှားမော့ဆီကို လာပါတယ်၊ ဒါပေမယ့် အနီးပါးမှာ ကိုယ်ရံတော် တစ်ယောက် လိုက်လာပြီးတော့ အဲ့ဒီကိုယ်ရံတော်ကို ကြည့်ရတာ ကျွန်တော်မျိုး မယ်တော်ကြီးရဲ့နန်းဆောင်မှာ'

'သွားမယ်'

သွားမယ် ဆိုတာနဲ့ တစ်ခါတည်းပင် ပျံတက်သွားတော့မတက်ပင် နန်းတော်အဆောင်တွေကြား ခေါင်မိုးတွေပေါ်သို့ ခုန်လွှား၍ အအေးနန်းဆောင်သို့ ဦးတည်လျက် ပြေးလွှားသွားလိုက်လေသည်။ ဝူဟန့်အနောက်မှ အပြေးလိုက်ပါလာပြီး မင်းကြီး ရပ်တန့်သွားတော့မှ ထိုနန်းတော်တံတိုင်းမှ အအေးနန်းဆောင်၏ အတွင်းသို့ လှမ်းမြင်ရသော နေရာတွင် တန့်ခနဲ ရပ်လိုက်မိလေသည်။

မြင်လိုက်ရသော မြင်ကွင်းကြောင့် ဝူဟန့်ပင် ကပျာကယာ မျက်နှာလွဲလိုက်မိပါလေ၏။ မိဖုရားလေးသည်က တစ်ခြားတစ်ပါးသော အမျိုးသားငယ်၏ လက်ကို အားဖြင့် ဆုပ်ဆွဲ၍ ပွတ်သပ်နေသော ထိုမြင်ကွင်းက မင်းကြီးအား မည်သို့ ခံစားစေမည်နည်း။ ဝူဟန့် ရပ်နေသော မင်းကြီးအား စောင်းလျက် လှည့်ကြည့်မိတော့ မင်းကြီးသည်က အအေးနန်းဆောင်အတွင်းသို့ ခုန်လွှား၍ ဝင်ရောက်သွားပေပြီ။

သူတို့ နှစ်ဦးကို ဆတ်ခနဲ ဆွဲဖယ်လိုက်သည်တွင် ကိုယ်ရံတော်ဆိုသည့် အမျိုးသားငယ်၏ ရင်ဝတွင် ချွန်ထက်လှသော ဓားမြောင်ငယ်၏ ဓားချက်များဖြင့် သွေးချင်းချင်း နီသွားလေ၏။ ဝူဟန့် ဆက်ကြည့်ရမလို တစ်ခုခု ကူညီပေးရမလို ဆင်းလာမိသော်လည်း မင်းကြီးက ဓားဖြင့် အချက်များစွာ ထိုးနှက်ပြီးနောက် မိဖုရားလေး၏ လက်ကို လှမ်းဆွဲလိုက်တော့ မိဖုရားလေးသည်က အသိစိတ်ကင်းမဲ့နေသလိုဖြင့် မင်းကြီး၏လက်တို့ကို အတင်းပင် ဆွဲယူလေသည်။

အမုန်းသင့်ဧကရာဇ် (The Hated Emperor)Donde viven las historias. Descúbrelo ahora