အပိုင်း-၂၄

1.2K 91 0
                                    

အမုန်းသင့် ဧကရာဇ် (အပိုင်း-၂၄)

@@@@@@@@@@@@@@

လူသတ်သည့် နေရာတွင် လူတွေ စုအုံနေကြခြင်းအား နန်းတော်၏ တံတိုင်း အပေါ်မှ လှမ်းကြည့်နေရင်းဖြင့် လူအုပ်အနောက်သို့ အပြေးရောက်လာသော ထိုမိန်းကလေးကို လှမ်းကြည့်ကာ ရန်ချီ မှင်တက်သွားမိ၏။ အနည်းငယ် ပြောင်းလဲသွားသော ဟန်ပန်တို့ဖြင့် သူမက ပိုပြီး လှနေသည်ဟု ထင်မိသည်။ ရှောင်နန် ဟုတ်မဟုတ် မသေချာသေးသော်လည်း.. ရန်ချီ တံတိုင်းအပေါ်မှ ဆင်းပြီး အနီးသို့ သွားကြည့်ရန် ဆုံးဖြတ်လိုက်၏။

'ရှောင်နန်.. ရှောင်နန်..'

သူ တံတိုင်းအောက်သို့ ရောက်တော့ ရှောင်နန်က ထိုနေရာတွင် မရှိတော့ပဲ ပျောက်ချင်းမလှ ပျောက်သွားပြီ ဖြစ်၏။ ရန်ချီ ထိုနေရာတွင် အားတွေ ပြတ်လပ်သွားသလို ခံစားလိုက်ရ၏။ သူမကို အနီးကပ် သေချာ မမြင်လိုက်ရသော်လည်း.. ရှောင်နန်ဟု ဘာလို့ ထင်လိုက်မိမှန်း မသိသော ကိုယ့်ကိုယ်ကိုလည်း မကျေမနပ် ဖြစ်မိ၏။ သို့သော် ထိုမိန်းကလေးက ရှောင်နန် ဖြစ်မည်ဟု တစ်ထစ်ချက် ယုံကြည်ခြင်းကတော့ တစ်ရွေးသားမျှ မလျော့သွားပေ။

'ယောင်းလု.. မင်းသွား ခုနက ကောင်မလေးကို ရအောင် ရှာလာခဲ့.. သူ ဟုတ်တယ်.. ရှောင်နန် သူက ရှောင်နန်ပဲ..'

ဘာကို လက်မခံနိုင်မှန်း မသိသော်လည်း.. ခေါင်းတွေ ယမ်းခါနေပြီးမှ..

'ငါ သူမက ကျောင်းမှာ ဆိုတာကို မသိခဲ့ဘူး.. ဘယ်တုန်းကမှ မသိခဲ့ဘူး.. အသုံးမကျလိုက်တာ.. ငါက ဘယ်လို လုပ်ပြီး အသက်ကြွေး ဆပ်နေတာပါလိမ့်..'

'မင်းကြီး..'

'ငါကိုယ်တော် အတွက် ခုနတုန်းက မိန်းကလေးကို ရှာခဲ့ပေးပါ..'

ယောင်းလုကပဲ အကဲမခတ် တတ်တာလား..၊ ဒါမှမဟုတ် မင်းကြီးကပဲ လျင်မြန်လွန်းတာလား မသိသော်လည်း တံတိုင်းပေါ်ကနေ မင်းကြီး မြင်ပြီး ပြေးဆင်းလာသော မိန်းကလေးကို ယောင်းလု အခုထိ သေချာ မမြင်လိုက်ရသေးပေ။ ထို့ကြောင့်..

'မင်းကြီး ခုနတုန်းက မြင်လိုက်တဲ့ မိန်းကလေးကို ကျွန်တော် သေချာ မတွေ့လိုက်ရပါဘူး..'

အမုန်းသင့်ဧကရာဇ် (The Hated Emperor)Where stories live. Discover now