အပိုင်း-၂၂

1.3K 92 0
                                    

အမုန်းသင့် ဧကရာဇ် (အပိုင်း-၂၂)

@@@@@@@@@@@@@@

~~မဖြစ်ဘူး ရှောင်နန်ကို အစ်ကိုကြီး မသိအောင် ကာကွယ်ရမယ်..၊ အစ်ကိုကြီး သိရင် ရှောင်နန်ကို သတ်ဆိုတဲ့ အမိန့်ပေးဖို့က သိပ်ပြီး လွယ်ကူတယ်..၊ အစ်ကိုကြီးက ဦးရီးတော်တွေကိုတောင်မှ မညှာတာ တတ်တာ.. ရှောင်နန်ကို ညှာတာဖို့က ပိုပြီး မဖြစ်နိုင်ဘူး..~~

@@@@@@@@@@

'ဆရာကြီး ကျွန်တော် ဒီမှာ နေတာ ဆယ်ရက် ပြည့်ပြီ ကျွန်တော် သွားတော့မယ်..'

ယောင်းလု ပြောလိုက်တဲ့ စကားကို ဆရာချန်တီက မျက်မှောင်ကုတ်လျက် နားထောင်သည်။ ပြီးတော့ နားမလည်သလို မကြားသလို နေ၏။

လိပ်ပြာတောင်ကြားမှ ထွက်သွားဖို့ ပြောလိုက်တိုင်း.. ဆရာကြီးက ယောင်းလုအား ထိုသို့ ဆက်ဆံနေတာမို့ ယောင်းလု ဒီနေ့အထိ ဆယ်ရက်မျှ ကြာနေရခြင်း ဖြစ်၏။

သို့သော် ယောင်းလု လိုအပ်သော သတင်းမှန်သမျှကို နန်းတော်သို့ ပို့ပေးခြင်းကြောင့်သာ ဆရာကြီး နေစေချင်သလို ဆယ်ရက်ပြည့်အောင် နေပေးခြင်းလည်း ဖြစ်သည်။

'မင်းကို ငါ တစ်ခု သင်ပေးမယ်.. အဲ့တာကို မင်းကာကွယ်နိုင်ရင် မင်းကို သွားဖို့ ခွင့်ပြုမယ်..'

ဆရာနဲ့ တပည့်မှာ ကွာခြားတာတွေ ရှိနိုင်သော်လည်း ဆရာကြီး၏ သိုင်းပညာ အသစ် ဆိုတာကို တစ်ကြိမ်မျှ မမြင်ဖူးတာကြောင့်.. သူ လက်ခံလိုက်ဖို့ ခက်ခဲနေသည်။

'ဆရာကြီး ပြောသလိုဆိုရင် လူရောင်းတဲ့သူတွေက ပျောင်းကနေ ပြေးလာတဲ့ မောင်နှမ နှစ်ယောက်ကို ကျောင်းမှာ လာရောင်းလိုက်တယ် ဆိုတော့ သူတို့က ကျောင်းထဲမှာပဲ ရှိမှာပေါ့.. ပြီးတော့ ဝယ်သွားတဲ့သူက နယ်စပ် ဒါမှမဟုတ် တောရွာက မဟုတ်ဘူး ဆိုတော့.. သူတို့က ကျောင်းက နန်းမြို့တော်မှာပဲ ရှိတယ် ဆိုရင် မင်းကြီးအတွက် အန္တာရယ် ရှိနိုင်တယ် မဟုတ်လား..'

'ငါမသိဘူး.. မင်းရဲ့ မင်းကြီးက ကလေးလား.. ဒါမှမဟုတ် ဘာမှ မသိ မတတ် နားမလည်တဲ့ လူမို့လို့လား.. မင်းကြီးတောင် ဖြစ်နေပြီ ဒီကောင်လေးနဲ့ ကောင်မလေး သတ်တာ ခံရမယ် ဆိုရင်တော့ သေလိုက်တော့ပေါ့..'

အမုန်းသင့်ဧကရာဇ် (The Hated Emperor)Where stories live. Discover now