အမုန်းသင့် ဧကရာဇ် (အပိုင်း-၄)
@@@@@@@@@@@@@@
~သေစမ်း.. ညာတာတောင်မှ အစ်ကိုကြီးနဲ့ မလွတ်ဘူး..~
'အဲ့တာ ဟုတ်တယ်.. သူက ငါ့ရဲ့ အစ်ကိုကြီး..... လိုပဲ ငါ့ကို သဘောထားတာလေ.. အဲ့တာပြောတာ အဲ့တာ.. ငါ့အဖေက သူ့ကို စောင့်ရှောက်ရတာလေ.. အဲ့လို.. အဲ့လို..'
~ဟူး!!.. ငါ ဒီနားကနေ မြန်မြန်သွားမှပါ..~ ညာထားရသည့် ဒုက္ခက ချွေးတွေပါ ထွက်လာပြီး.. မသိမသာဖြင့် ချွေးတွေကို သုတ်နေမိသည်။ ထို့ကြောင့် ထိုနေရာမှ ချာခနဲ လှည့်ထွက်လာတော့ ရှောင်ချီက လက်ကို ဖမ်းဆွဲလိုက်ပြီး..
'ရှောင်နန်.. ငါ ပြန်သွားပြီးရင် မင်းကို လာတွေ့မယ်..'
ထိုနေရာမှ မြန်မြန် ထွက်သွားလိုစိတ်သာ ဖြစ်နေတာမို့.. ဆတ်ခနဲ ခေါင်းညိတ်လိုက်ကာ ထိုနေရာမှ လှည့်ပြေးလာခဲ့မိသည်။ လှည့်ထွက်လာပြီးမှ ထိုနန်းဆောင် အတွင်းသို့မင်းကြီးနန်းဆောင်မှ အခေါ်လွတ်သည့် နန်းတွင်းအရာရှိ တစ်ဦးက ဝင်လာကာ..
'မင်းတို့ကို မင်းကြီးက အခေါ်လွတ်တယ်..'
မယ်တော်က ရှောင်ချီအား.. လက်မှ ဆွဲကိုင်ကာ.. ထိုနန်းတွင်း အရာရှိ နောက်သို့ လိုက်သွားရ၏။ မယ်တော်၏ လက်မှ တစ်ဆင့် စိုးထိတ်နေမှုကို ရှောင်ချီ ခံစားနေရသည်။ ပျောင်းမင်းကြီး၏ နန်းဆောင် အတွင်းသို့ ဝင်လာခဲ့ပြီးမှ.. မယ်တော်က ပျောင်းမင်းကြီးအား ဒူးတုပ်ကာ.. သူ့ကိုပါ ဒူးထောက်စေလျက်..
'မင်းကြီးကို အရိုသေပေးပါတယ်..'
စကားသံက မတူတာကြောင့် ပျောင်းမင်းကြီး၏ စိတ်ထဲတွင် တစ်မျိုး ဖြစ်သွားသော်လည်း..
'နေမြဲတိုင်း နေစေ.. မင်းတို့တွေက ဒီအမှတ်တံဆိတ်တော်ကို ဘယ်လို ရခဲ့တာလဲ ငါကိုယ်တော်ကို ပြောပြနိုင်မလား..'
'ကျွန်တော်မျိုးမတို့ သေဘေးကြောင့် ပြေးလွှားနေမိစဉ်မှာ မိန်းကလေး ကလေးငယ် တစ်ဦးက ပေးခဲ့တာပါ..'
ကြောက်လန့် နေသည့်တိုင် သမီးတော် သုနန် ပြောပြထားသော အကြောင်းရာနှင့် ထပ်တူညီနေခြင်းကြောင့်.. ပျောင်းမင်းကြီး စိတ်ထဲတွင် ဘဝင်ကျသွား၏။ ထို့နောက်တွင်မှ..
YOU ARE READING
အမုန်းသင့်ဧကရာဇ် (The Hated Emperor)
General Fictionရေးသားသူ- စွဲညို့ Genr- Romance, Drama, Historical. ဧကရာဇ်တစ်ပါး၏ အရာအားလုံးကို ပိုင်ဆိုင်ရယူခြင်းနှင့်၊ ချစ်ရသူကို ဆုံးရှုံးခဲ့သော ဇာတ်လမ်းတစ်ပုဒ် Zawgyi+Uni