အပိုင်း-၇

2.2K 149 2
                                    

အမုန်းသင့် ဧကရာဇ် (အပိုင်း-၇)

@@@@@@@@@@@@@@

'ကောင်းပြီ .. အစ်ကိုတော်က မင်းအပေါ်မှာ အကောင်းဆုံး အစ်ကိုတော် ဆိုရင် မင်းကလည်း အကောင်းဆုံး ညီတော် ဖြစ်ပေးရမယ် နားလည်လား..'

'ကန်းအော် နားလည်ပါပြီ..'

ငှက်သေနှစ်ကောင်နှင့် ပျော်ရွှင်နေသော သားအငယ်က နောင်တစ်ချိန်မှာ ခမည်းတော်၏ အရိုက်အရာအတွက် အစ်ကိုတော်ကို ဆန့်ကျင်မှာလား..၊ ဒါမှမဟုတ်.. ဓားကိုင်၍ လေ့ကျင့်နေသော.. အစ်ကိုတော်က နောင်တစ်ချိန်မှာ ချစ်လှပါတယ် ဆိုတဲ့ ညီတော်ကို ထိခိုက်စေမှာလား..၊ အရာရာက ကံတရားအတိုင်း.. ဖြစ်လာမှာကို ငါက တားဆီနိုင်မှာလား အမ်းလွေ.. မင်းကတော့ သွားနှင့်လိုက်ပြီ။

@@@@@@@@@@

လေ့ကျင့်ရေးကွင်း..၊ လေပြည်က ခပ်ပါးပါး တိုက်ခတ်နေ၏။ ပတ်ပတ်လည်တွင် မင်းသားတွေ အတွက် ပြင်ဆင်ထားသော တိုက်ခိုက်ရေးကွင်းမှန်း သိသာအောင် ပြင်ဆင်ထားမှုအရ.. ပန်းအိုးများ ပြင်ဆင်ထားခြင်းကြောင့်.. ပန်းရနံ့တွေက လှိုင်နေသည်။ တိုက်ခိုက်ရေးအတွက် အသုံးပြုသော တိုက်ခိုက်ရေး လက်နက်များကို သတ္တုများနှင့် သစ်သားဖြင့် ပြုလုပ်ထားသော လက်နက်များ သီးသန့် ခွဲခြားထား၏။

'မင်းသား.. တကယ်လို့.. စစ်ထွက်ဖို့ လိုက်ပါချင်တယ် ဆိုရင်.. တစ်ခုတော့ ရှိတယ်..'

'ဆရာ ပြောကြည့်ပါ..'

နောက်သုံးရက်ဆို စစ်ထွက်မည့် စစ်သည်များ အဆင်သင့် ဖြစ်နေသည့်တိုင် လိုက်ပါသွားဖို့ အခွင့်အရေး မရှိတာကို စိတ်ညစ်နေမိသော အခြေအနေမို့.. အခုချိန်မှာ သူ စစ်ထွက်ဖို့ကို ကူညီပေးနိုင်မည့် ဘယ်လို နည်းလမ်းကို မဆို လိုက်လုပ်မည်ဟု ဆုံးဖြတ်ထားပြီး ဖြစ်သည်။

ထို့ကြောင့် ဆရာက ပြောလာသည်နှင့် ချက်ချင်း ခေါင်းညိတ် လက်ခံလိုက်မိသည်။

'ဒါပေမယ့် မင်းသားရဲ့ မင်းသား ဆိုတဲ့ အဆောင်အယောင်ကို နန်းတော်မှာပဲ ချန်ထားခဲ့ရမယ်..'

ထိုအတွက် ရန်ချီ ခဏတာမျှ တွေဝေ သွားပြီးနောက် ခေါင်းညိတ်လိုက်ကာ..

အမုန်းသင့်ဧကရာဇ် (The Hated Emperor)Donde viven las historias. Descúbrelo ahora