အပိုင်း-၇၈

1.6K 171 21
                                    

အမုန်းသင့် ဧကရာဇ် (အပိုင်း-၇၈)

@@@@@@@@@@@@@@@

ရန်ချီ၏ ဘာသံနောက်ဝယ် ဆို့နစ်ခြင်းတို့ ပြည့်နှက်သွားလေသည်။ ပထမဆုံးသော သူမဝမ်းတွင်းမှ သူ၏ ကလေးငယ်က မိခင်ရင်း၏ စိတ်မာခြင်းကြောင့် ဆုံးရှုံးရသည်။ ဒီတစ်ကြိမ်က သူမ၏ခန္ဓာကိုယ် အားနည်းမှုကြောင့် ဆုံးရှုံးရမည်လား။ ဒီလိုဖြစ်ရက်မျိုးကိုတော့ ရန်ချီ ခွင့်ပြုမည် မဟုတ်ပေ။

'ဟူသမားတော်ကို ပြန်စာပို့လိုက်ပါ ရှားမော့မိဖုရားရဲ့ ကိုယ်ဝန်ကို ဘယ်လိုနည်းလမ်းနဲ့ပဲ ဖြစ်ဖြစ် ရအောင် စောင့်ရှောက်ပေးရမယ်၊ မဟုတ်ရင် ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် သေဒဏ်!!'

ဒီအမိန့်က မင်းမိန့်ကို ဖီဆန်သော ပုန်ကန်သူတွေကိုသာ ပေးသော အမိန့်ဖြစ်သည့်အတွက် သိပ်ပြီး ရက်စက်လွန်းရာ ကျနေပေသည်။ သို့သော် မင်းကြီးက ဒီအရေးကိစ္စကို စေခိုင်းခြင်းအရ အဘယ်မျှလောက် အရေးကြီးမှန်းကို သိသာစေသလို မိဖုရားရှားမော့အား အဘယ်ထိ အလေးထားတယ် ဆိုတာကို သမားတော်ဟူအား သိနားလည်စေလေသည်။

'ကောင်းပါပြီ မင်းကြီး'

ချန်ကွမ်းအနားကနေ ခဏမျှ ပျောက်သွားပြီးမှ ပြန်ရောက်လာသည်။ လော့လန် နယ်စပ်အတွင်းအထိ ကျာအန်းက လိုက်ပါလာ၍ မရသည်မို့ ချန်ကွမ်းက လော့လန်၏ နယ်မြေအတွင်း ဝင်၍ အိမ်ရှေ့စံမင်းသမီးအား တွေ့ဆုံရန် သင့်တော်သော အဝတ်အစားတို့ကို လှဲလယ်ပေးရင်း စကားဆိုသည်။

'မင်းကြီး ဒီတစ်ကြိမ် လော့လန်အတွင်းကို ဝင်တာမှာ အန္တာရာယ် များလွန်းပါတယ်'

'ဝူဟန့် ဘာအချက်ပြလဲ'

'ဝူဟန့်က အားလုံး နေရာတကျ ဖြစ်ပြီလို့ အချက်ပြပေမယ့် မင်းကြီး'

'ထားလိုက်တော့ မင်းနဲ့ ကျာအန်းကို အတူတူ ထားသင့်တယ်၊ ဘယ်တုန်းက ဒီလောက် စကားများတတ်သွားတာလဲ'

'စိုးရွံ့မိပါတယ်'

'ဝူစစ်သူကြီးဆီကနေ အကြောင်းကြားစာ ရပြီလား'

'မှန်လှပါ ကျောင်းနယ်စပ် မိုင်ငါးဆယ် အကွာမှာ ရောက်ရှိနေပါပြီ၊ ဒါပေမယ့် ဝူစစ်သူကြီးအစား ညန်းစစ်သူကြီးက ဦးဆောင်ပြီး လာခဲ့တာပါ ကြားသလောက် ဝူစစ်သူကြီးက ကိုယ်ဝန်လွယ်ထားရတယ်လို့ သိရပါတယ်'

အမုန်းသင့်ဧကရာဇ် (The Hated Emperor)Tempat cerita menjadi hidup. Temukan sekarang