အပိုင်း-၂၆

1.3K 84 0
                                    

အမုန်းသင့် ဧကရာဇ် (အပိုင်း-၂၆)

@@@@@@@@@@@@@@

အစ်ကိုတော်ပင်လျှင် ဝိန့်ရီအား စာလွှာပေးပို့တိုင်း ကျောင်းက မြောင်ကို အမျက်မပြုမိအောင် နေပါဟု မှာကြားလာတတ်လေပြီ။

@@@@@@@@@

"မင်းကြီး မိန့်မှာသည်မှာ.. အနောက်နန်းဆောင် အင်အား တိုးပွားရေး အတွက် မိဖုရားလောင်းများကို ခေါ်ယူသွားပါမည်။ အမတ်မင်းများ၏ အိမ်တွင် ရှိသော အသက်အရွယ် ကိုက်ညီသည့် သမီးရတနာများကို နန်းတော်သို့ ပို့ဆောင်ရန် မင်းကြီးက အမိန့်ချလိုက်ပါသည်။ အမတ်မင်းများ အမိန့်နာခံစေ!!.."

ကျာအန်းက အမိန့်စာဖတ်သံ အဆုံးတွင် အမတ်မင်းများ ခေါင်းခြင်း ဆိုင်သွားကြသည်။ ရာဇပလ္လင်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေရင်းမှ အမတ်မင်းတွေ မျက်စိမျက်နှာ ပျက်နေကြတာကို သေချာစွာ စောင့်ကြည့် နေလိုက်သည်။

အသက်ရွယ်နှင့် ကိုက်ညီပါက မဖြစ်မနေ နန်းတော်သို့ ရောက်လာရမည် ဖြစ်ပြီး သတ်မှတ်မိဖုရား အဆင့်နှင့် မကိုက်ညီပါက နန်းတော်တွင် အပျိုတော်အဖြစ် တာဝန် ထမ်းရမည် ဖြစ်၏။ ထိုအခြေအနေတွင် သူ့အား မနှစ်သက်သော အမတ်မင်းများနှင့် လျို့ဝှက် ကြံစည်လိုသော အမတ်မင်းများ၏ သားသမီးများက နန်းတော်အတွင်းတွင် နေထိုင်ရမည် ဖြစ်သဖြင့်.. ထိုအမတ်မင်းတို့က သူ့အပေါ်တွင် ကြံစည်ရဲတော့မည် မဟုတ်ပေ။

ဒါက မိဖုရားရွေးပွဲနှင့် စပ်လျဉ်းပြီး.. အမတ်မင်းတွေကို ထိန်းချုပ်ရန် ဆောင်ရွက်လိုက်ခြင်းပင် ဖြစ်၏။ သူ ဖြစ်လိုသော ဆန္ဒတို့အား အမတ်မင်းများက ချက်ချင်းပင် ရိပ်မိသွားကြပြီး သူ့ဆီက သင့်လျော်သော အကြောင်းပြချက်ကြောင့် မလိုက်နာ၍လည်း မဖြစ်ကြသော အခြေအနေတွင် အချင်းချင်း ဆွေးနွေးတိုင်ပင် နေကြလေသည်။

'ငါကိုယ်တော်က တော်ဝင် မိသားစုကို ကြီးထွားချင်တယ်.. မလျော်ကန်ဘူးလား အမတ်မင်းတို့..'

'အဲ့တာက.. လျော်ကန်လှ ကြောင်းပါ..'

ခဲ့အမတ်မင်းက ဦးစွာပင် ထိုသို့ အင်တင်တင်ဖြင့် တင်လျှောက်လာသည်။ ခဲ့အမတ်မင်း ပြီးလျှင်.. တစ်ဖက်မှ ညန်းအမတ်မင်းနှင့် ဇန်းသာအမတ်မင်းကို လှမ်းကြည့်လိုက်တော့ ဇန်းသာချီ အမတ်မင်းက ဘာမှပြောရန် မလိုသဖြင့် ညန်းအမတ်မင်းက..

အမုန်းသင့်ဧကရာဇ် (The Hated Emperor)Nơi câu chuyện tồn tại. Hãy khám phá bây giờ