အပိုင်း-၁၇

1.5K 105 1
                                    

အမုန်းသင့် ဧကရာဇ် (အပိုင်း-၁၇)

@@@@@@@@@@@@@@

'ကျေးဇူးပဲ ငါ့နာမည်က ရှောင်ကန်း ငါ နောက်တစ်ခါ မင်းဆီ လာလည်မယ်'

@@@@@@@@@@@

ထိုနေ့က ရှောင်ကန်း နန်းတော်သို့ ပြန်ရောက်လာသော်လည်း သူ့ကြောင့် အဆူခံလိုက်ရသော မိန်းကလေးကို သတိတရနှင့် သနားမိသည်။ ထို့ကြောင့် နောက်နေ့ စာသင်ခန်းသို့ ရောက်တဲ့အထိ ထိုမိန်းကလေးကို တွေးနေမိသည်။

'ညန်းလောင် မနေ့က ငါ နန်းတော်ကနေ ခိုးထွက်တာ'

'ဘာ!! အု ဝု'

ပြောပြကာမှ လူမိတော့မည့် အဖြစ်အတွက် ညန်းလောင်၏ ပါးစပ်ကို ကမန်းကတမ်း ဖမ်းပိတ်လိုက်ရပြီး လူမရှိသော နန်းဆောင်ထောင့် တစ်ခုသို့ ဆွဲခေါ်သွားလိုက်ကာ

'မင်း လုပ်တာနဲ့ ငါတော့ ဘိုးဘွားနန်းဆောင်ထဲ ထည့်ပိတ်ခံရတော့မှာ ညန်းလောင်'

'မင်းက ဘယ်လိုပဲ ဖြစ်ဖြစ် အိမ်ရှေ့မင်းသားလေ ဒါကို နန်းတော်ကနေ ခိုးထွက်တယ် ဆိုတော့'

'ခိုးထွက်တုန်းကတော့ ဟုတ်တယ် မယ်တော် မသိအောင် ထွက်သွားရတာ ဒါပေမယ့် ငါ့အစ်ကိုကြီးက ငါ့ကို လမ်းမှာ ခွင့်ပြုပေးလိုက်တယ်လေ'

'မင်းကြီးက'

နောက်ထပ် အံ့သြသွားပြန်သည်။ သို့သော် အသံက ခပ်တိုးတိုးသာ ထွက်လာတော့၏။ ပြီးမှ စိတ်မချနိုင်သလို ဘေးဘီသို့ လှမ်းကြည့်ုလိုက်သေးလျက်

'အိမ်ရှေ့မင်းသား လမ်းမှာ တစ်ခုခု မဖြစ်လာတာ တော်သေးတယ်'

'တစ်ခုခု ဖြစ်လာတယ် ငါ စိတ်မကောင်းတာ တစ်ခု ဖြစ်ခဲ့တယ်'

'ဘာဖြစ်လို့လဲ ကိစ္စက အရေးကြီးလို့လား'

ပြောပြဖို့ ပြင်ထားသော်လည်း မေးလာတော့ ဖြေဖို့ စကားတွေက ထစ်အသွားပြီး ခေါင်းကိုသာ ခါယမ်းပြလိုက်မိတော့သည်။

'အရမ်းအရေးမကြီး ပါဘူး အဆင်ပြေပါတယ်'

'အိမ်ရှေ့မင်းသား တစ်ခုခု ပြောဖို့ ရှိသေးတာလား'

ညန်းလောင်က သူ့မျက်နှာကို တစ်ချက်မျှ လှမ်းကြည့်ပြီး ပြောတော့ မျက်နှာကို အကဲမခတ်မိအောင် မျက်နှာလွဲ လိုက်ပြီးမှ

အမုန်းသင့်ဧကရာဇ် (The Hated Emperor)Où les histoires vivent. Découvrez maintenant