အပိုင်း-၁၈

1.5K 102 0
                                    

အမုန်းသင့် ဧကရာဇ် (အပိုင်း-၁၈)

@@@@@@@@@@@@@@

'ညီလာခံ သိမ်းမယ်!!'

ညီလာခံ သိမ်းပြီးသွားပြီ ဆိုမှ ချန်ရှန့် သက်ပြင်းချလိုက်မိသည်။ မင်းကြီးက အသက်ဆယ့်ငါးနှစ်ဆိုတာနဲ့ မလိုက်အောင် အာရုံစူးစိုက်မှု အားကောင်းပြီး တိကျစွာ ဆုံးဖြတ်နိုင်တာပဲ၊ သတ် ဆိုတဲ့ အမိန့်က လွဲရင်ပေါ့လေ။

ညီလာခံမှ ဆင်းလာပြီးတော့ အမတ်မင်းတွေ အုပ်စုဖွဲ့ စကားပြောနေမှာကို ကြိုသိသော်လည်း မယ်တော်၏ နန်းဆောင်သို့သာ ဦးတည်လျက် သွားလိုက်မိတော့သည်။ မယ်တော်က ပန်းတွေကို ဓားဖြင့် ဖြတ်နေရာမှ သူ့ကို မြင်တော့

'မင်းကြီး ညီလာခံမှာ ဦးရီးတော်သုံးကို ခွင့်လွတ်ပေးလိုက်တဲ့ ကိစ္စကို ကြားပါတယ်'

'မယ်တော် သားတော် အများကြီး ရင့်ကျက်ဖို့ လိုသေးတယ်လို့ တွေးမိလား'

သူ မေးလိုက်တာကို မယ်တော်က ခပ်ဖွဖွလေး ပြုံးလိုက်ပြီးမှ ထိုင်နေရာမှ ထလိုက်ပြီး

'သားတော်ကို ရင့်ကျက်ဖို့ လိုတယ်လို့ မယ်တော် တစ်ကြိမ်မှ မတွေးမိခဲ့ဖူးဘူး ဒီနေ့ ဆိုရင် မင်းရဲ့ ခမည်းတော် ကိုယ်တိုင် မလုပ်နိုင်ခဲ့တာကို သားတော်က ဖြေရှင်းနိုင်တယ် ပထမဦးဆုံး မိဖုရား ကျူးရင်ကို သတ်စေပြီး မင်းဆီက ခွင့်လွတ်မှုကို ရယူဖို့ မတောင်းဆိုဖို့နဲ့ မင်းက အမတ်မင်းတွေ ဦးရီးတော်တွေထက် အာဏာကြီးမားတယ် ဆိုတာကို အရင်ဆုံးပြသတယ် နောက်တော့ မင်းရဲ့ ဦးရီးတော်သုံးကို ခွင့်လွတ်ချင်တာက မင်းရဲ့ဆန္ဒတွေပါလို့ ပြောဆိုပြီး သေစေချင်တာက တခြားဦးရီးတော်တွေပါ ဆိုတာကို ထင်မြင်စေတယ် နောက်ပြီးတော့ မင်းရဲ့ ဦးရီးတော်တွေ ဆီက တပ်သားတွေကို ဦးရီးတော်သုံးနဲ့ လဲလှယ်ဖို့ အဲ့လို အကြံဉာဏ်ကို မင်းတွေးနိုင်မယ်လို့ မထင်မိဘူး မင်းကြီး ထက်မြက်လှပါတယ်'

'မယ်တော်က ချီးကျူးလွန်းနေပါပြီ'

'ဒီနေ့ မယ်တော် စိတ်မကောင်း ဖြစ်နေတာ မင်းရဲ့ ခမည်းတော် မရှိတော့ မင်းရဲ့ များပြားလှတဲ့ မယ်တော်တွေက နန်းတော်ပြင် ထွက်နေဖို့ တောင်းဆိုကြတယ် သူတို့ တွေးတာလည်း မှန်ပါတယ် ဒါပေမယ့် အနောက်နန်းတွင်းကြီးက ရုတ်တရက်ကြီး တိတ်ဆိတ်သွားတာကျတော့ ညရောက်မှာတောင် စိုးရိမ်ရတယ်'

အမုန်းသင့်ဧကရာဇ် (The Hated Emperor)Where stories live. Discover now