ရှောင်နန်

4.5K 281 60
                                    

ရှောင်နန်ရဲ့ ဇာတ်ကောင် နေရာလေးကို အားလုံးလည်း သိကြမှာပါ၊ ကလေးဘဝမှာ ပျော်ပျော်နေတယ်၊ လုပ်ချင်တာလုပ်ပြီး အပူအပင်ကင်းတဲ့ စိတ်လေး၊
နောက်တော့ မိသားစုတွေ သေဆုံးတော့တောင် လက်တုန့်ပြန်ဖို့ထက် ရှင်သန်ဖို့ကို ဦးစားပေးပြီး ကြိုးစားတတ်တဲ့သူလေး၊
ချစ်တာနဲ့ မုန်းတာ၊ ခင်မင်တာနဲ့ မြတ်နိုးတာကို တိတိကျကျ ခံစားပေးတတ်တဲ့ မိန်းကလေးကနေ မုန်းတဲ့သူကို လက်တုန့်ပြန်နေမယ့်အစား ရှင်သန်ဖို့က အဓိက ဆိုပြီး ကြိုးစားပြီး ရှင်သန်မယ် ဆိုပေမယ့် အာ့လို မဖြစ်လာဘူး။
ရှင်သန်မယ် ဆိုတာပျောက်သွားပြီးတော့ လက်တုန့်ပြန်မယ် ဆိုတာကသာ ရှင်သန်ဖို့ထက် ပိုအရေးကြီးလာတယ်၊
တစ်ခုပြီး တစ်ခု လက်တုန့်ပြန်တယ်၊ နောင်တတွေ တစ်ခုပြီး တစ်ခု ထပ်ရလာတယ်၊
နောက်ဆုံးမှာ မုန်းပါတယ် ဆိုတဲ့လူရဲ့ အနာကျင်စေနိုင်ဆုံး အရာဟာ သူမ ပျောက်ကွယ်သွားဖို့ ဖြစ်နေတယ်၊ နောက်ဆုံးအဆင့်ထိ လက်တုန့်ပြန်​ဖို့ကို လက်လျော့လိုက်ရတယ်၊ သူမက အသက်ရှင်ချင်သေးလို့၊
နောက်ဆုံးတော့ အေးချမ်းပြီ ဆိုပြီး မရမက အိမ်ကို ပြန်လာခဲ့တယ်၊ ဒါပေမယ့် အိမ်ဟာ အိမ်ဆိုတဲ့ ခံစားချက်ကို မပေးတော့ဘူး။ အိမ်ဟာ သူမနဲ့ မသက်ဆိုင်တော့ သလိုပဲ။
မုန်းရမယ့်သူဟာ မဖြစ်မနေ မုန်းကို မုန်းရမယ့် လူသားဟာ ဘယ်လို အပြစ်ကိုမှ အပြစ်လို့ မသတ်မှတ်ဘူး၊ အဲ့လိုလူကို မုန်းရမလား မမုန်းရတော့ဘူးလား မသိတော့ဘူး၊ ဒါပေမယ့် အဲ့လူကို မုန်းမှရမယ် မိဘတွေအတွက် တာဝန်ကျေရမယ်၊ မုန်းနေမှကို ဖြစ်မယ်။ အဲ့ဒီစိတ်နဲ့ ပျော်ရွှင်ရတယ် ဆိုတာ မရှိတော့ဘူး။
မွေးထားတဲ့ သားကို ချစ်တယ်။ ဒါပေမယ့် ထွေးပွေ့ဖို့ မထိုက်တန်တော့ဘူး။ အဲ့လို အမေဖြစ်နေပြီ။ အမုန်းတရားတွေနဲ့ လုပ်ချင်တာကို မရမက လုပ်ခဲ့ပြီးပြီ။ လုပ်ထားသမျှကို သားကိုတော့ မထိခိုက်စေချင်ဘူး။ အဲ့အတွက် ရွေးချယ်စရာက သူများဆီမှာ ကြီးပြင်းဖို့ကို လုပ်ဆောင်ပေးဖို့ပဲ၊ အမေလို့ တစ်ခါမှ အခေါ်ခံဖို့ မရှိတာကို ရွေးချယ်ခဲ့တယ်၊
နောက်ဆုံးမှာ မိသားစုဝင်တွေ အကုန်လုံးကို မကာကွယ်နိုင်ခဲ့ဘူး။ မောင်ဖြစ်တဲ့သူကလည်း အစ်မတော်ရဲ့ ဖြစ်တည်မှုကို လျစ်လျူရှုလိုက်ပြီ။ သားကိုလည်း သားလို့ မခေါ်နိုင်ဘူး။
အပြစ်တွေ အများကြီး နာကျင်စရာတွေ အများကြီးကို ကျူးလွန်ခဲ့တာတောင်မှ ခွင့်လွတ်ပါတယ် ဆိုတဲ့ လူက သူမအတွက် တစ်သက်လုံး တည်ဆောက်လာသမျှကို စွန့်လွှတ်ပေးမယ် ဆိုလာတယ်၊
တကယ်လို့သာ အာ့လူဟာ အဲ့လိုပဲ တစ်လောကလုံးကို စွန့်ပစ်ထားခဲ့လိုက်ရင် ဘာတွေ ဖြစ်ကုန်မှာလဲ၊ သားတော်ဟာ အရွယ်မရောက်သေးဘူး။ အဲ့လိုတော့ နောက်ဆုံးအကြိမ်အထိ အမှားလုပ်လို့ မဖြစ်တော့ဘူး။ ဒါပေမယ့် ကြီးမားတဲ့ ရန်ငြိုးကြောင့် ဒီလူကို ချစ်လို့ မရဘူး။ ဒါပေမယ့် ဒီလူက ကိုယ့်အပေါ်မှာ ကောင်းလွန်းတာကြောင့် စိတ်က ယိမ်းယိုင်နေပြီ။ မဖြစ်မနေ လုပ်သင့်တာက ဒီလူကို မချစ်မိသေးခင် တော်လိုက်ဖို့၊ ရပ်တန့်ပစ်လိုက်ဖို့၊ တိတ်တိတ်လေး သွားလိုက်မယ် ဆိုရင် ဒီလူဟာ သေချာပေါက် မြေလှန်ရှာပြီး မဖြစ်သင့်တာတွေ ဖြစ်ကုန်မှာ၊ ဒီလူအတွက်ရော သားအတွက်ပါ လုပ်ပေးနိုင်တာက သူမ သေပေးလိုက်ဖို့ တစ်ခုတည်းပါပဲ၊ အဆုံးထိ တစ်ကိုယ်ကောင်း ဆန်ဆန် ရှင်သန်ဖို့ကိုပဲ တွေးထားတာကို လက်လျော့လိုက်ဖို့ပဲ ရှိတယ်၊
အရမ်းပင်ပန်းနေပြီ ဆိုတော့ လက်လျော့လိုက်တာနဲ့ သွားဖို့ တစ်ခုတည်းပဲ ဆုံးဖြတ်လိုက်ရတယ်။
(ရှောင်နန်ကို မွေးဖွား ဖန်တီးရတာ အရမ်းခက်ခဲ့ပါတယ် ဆိုတဲ့အကြောင်း)

အမုန်းသင့်ဧကရာဇ် (The Hated Emperor)Unde poveștirile trăiesc. Descoperă acum