အပိုင်း-၁

27.4K 521 13
                                    

အမုန်းသင့် ဧကရာဇ် (အပိုင်း-၁)

@@@@@@@@@@@@@@

ထျောင်တိုင်းပြည်..၊ ပျောင်းတိုင်းပြည် မြောင်တိုင်းပြည် လို့ရန်တိုင်းပြည်နှင့်.. ကျောင်းနိုင်ငံတော်က နယ်နမိတ်ချင်း ထိစပ်နေသော တိုင်းပြည်များ ဖြစ်ကြသည်။ ကျောင်းနိုင်ငံက အင်အားကြီးမားဆုံး နိုင်ငံ ဖြစ်သည့်အပြင် တော်ဝင် နန်းတော် အရေးအခင်းများကလည်း ရှုပ်ထွေးလှ၏။ ကျောင်းနိုင်ငံ၏ မင်းကြီးတွင် ညီအစ်ကို ခုနှစ်ဦး ရှိပြီး.. မိဖုရားအငယ်မှ မွေးသော ဆယ်သုံးနှစ်အရွယ် သားတော် တစ်ပါးနှင့် မိဖုရားကြီးမှ မွေးထားသော ဆယ်နှစ်အရွယ် သားတော် နှစ်ပါးသာ ရှိ၏။ ညီအစ်ကိုများအား နယ်ပယ် ခုနှစ်ခုခွဲခြားကာ အုပ်ချုပ်ခွင့်ကို ညီမျှစေသော်လည်း မင်းကြီး.. မကျန်းမမာဖြစ်လာသည်နှင့် အမျှ ညီအစ်ကိုတွေက မလေးမစား ပြုမူလာခဲ့ကြသည်။ ထို့ကြောင့်.. မိဖုရားကြီးသည် မိခင်နိုင်ငံတော် ဖြစ်သော ထျောင်နိုင်ငံသို့ သွားရောက်ကာ ချစ်ကြည်မှု ယူပြီး နန်းတော်အား ထောက်ခံပေးရန် ကြိုးစားရသည်။

အမိနိုင်ငံတော် ထျောင်ပြည်သို့ ပြန်ရာတွင်.. ညီအစ်မရင်း တမျှ ချစ်ခင်ရသော မိဖုရားငယ် အမ်းလွေအား ခေါ်ယူခဲ့၏။ မိဖုရားငယ် အမ်းလွေက မိဖုရားကြီး လွီဖူနှင့် ညီမတစ်ဝမ်းကွဲ တော်စပ်ပြီး.. လွီဖူက ကျောင်းနိုင်ငံတွင် မိဖုရား ဖြစ်လာတော့ အလုပ်ကြွေးပြုရန် လိုက်လာရခြင်း ဖြစ်သည်။ ထိုမှ တစ်ဆင့် လွီဖူကပင် အမ်းလွေအား.. မင်းကြီးနှင့် လက်ဆက်စေကာ.. မိဖုရားငယ် တစ်ပါး ဖြစ်စေခဲ့သည်။ သို့သော်.. ကျောင်းမင်းကြီးက လွီဖူမိဖုရားကြီးကိုသာ အကြင်နာပိုလေသည်။ မိဖုရားကြီး လွီဖူနှင့် မိဖုရားငယ် အမ်းလွေက တခြားသော မိဖုရားများ ကဲ့သို့ ပြိုင်ဆိုင်ခြင်း မရှိပဲ.. ညီအစ်မရင်း ကဲ့သို့ ချစ်ကြည်စွာ ရှိသည်။ လွီဖူ မိဖုရားကြီးသည် မင်းကြီးနှင့် အိမ်ထောင်ကျသည်မှာ နှစ်တွေ ကြာလာသော်လည်း.. ကလေးမရနိုင်ပဲ ရှိစဉ်.. အမ်းလွေ မိဖုရားက.. သားတော်တစ်ပါး မွေးဖွားလေသည်။ လွီဖူမိဖုရားကြီးက အမ်းလွေ မိဖုရား၏ သားတော် မင်းသား ကျောင်းရန်ချီအား လွန်စွာ ချစ်မြတ်နိုးသည်။

အမုန်းသင့်ဧကရာဇ် (The Hated Emperor)Donde viven las historias. Descúbrelo ahora