အပိုင်း-၆၀

1.7K 120 0
                                    

အမုန်းသင့် ဧကရာဇ် (အပိုင်း-၆၀)

@@@@@@@@@@@@@@@

'ရှားမော့.. မင်း လုပ်သမျှအတွက်.. နောင်တ မရစေနဲ့..'

ထိုမျှသာ ပြောလိုက်ပြီးမှ လှည့်ထွက် လာမိသည်။ မင်းကြီးဘာကြောင့် ဒီကိစ္စကို ဒီတိုင်း ထားသွားတာလဲ ဆိုတာကို တခြားသူတွေ သိလိုက်ဟန် မတူသော်လည်း ဝိန့်ရီ နားလည်လိုက်သည်။ အကယ်၍ မင်းကြီးသာ ဒီကိစ္စကို အတင်းအကျပ် ငြင်းဆိုလိုက်ပါက ထိခိုက်မည့်သူမှာ.. ရှားမော့ မိဖုရားသာ ဖြစ်သည်။

ထို့အတွက် မင်းကြီးက ဒီကိစ္စကို ဒီလောက်နှင့်သာ ထားလိုက်မှန်း ဝိန့်ရီ နားလည်လိုက်ခြင်းက မင်းကြီး၏ ရင်ထဲကို ပို၍ တွေ့မြင်လိုက်ရသလိုပင် ခံစားမိသည်။ ~~သူ ဘယ်တော့မှ သူမကို ထိခိုက်စေမှာ မဟုတ်ဘူး.. သေချာတယ်~~

@@@@@@@@@@

အဆင့်နှစ် ကိုယ်လုပ်တော် ခဲ့လျောင်..၊ ကိုယ်လုပ်တော်ဖြစ် တင်မြောက်ပွဲ..၊ တွေးကြည့်ဖို့ မလိုအောင် အခါတိုင်း လိုပဲ မင်းကြီးက အကြောင်းပြချက် ကောင်းကောင်းနဲ့ ပွဲကို မတက်ရောက်ပေ။ မိဖုရားတွေ အားလုံး တက်ရောက်ပေမယ့် မယ်တော်ကြီးက မျက်နှာ မသာမယာ ဖြစ်နေသည်။

မိဖုရား ခဲ့သျောင်တုန်းက မယ်တော်ကြီးက လိုလားခဲ့သော်လည်း ခဲ့လျောင်မိဖုရား အလှည့်ကျ မလိုလားသော ဟန်ပန်ကို ပြသည်။ ထျောင်လီ မင်းသမီးငယ်က သိပ်ပြီး ငယ်လွန်းသေးတာကြောင့် ဆိုသော အကြောင်းပြချက်ဖြင့်.. မယ်တော်ကြီးက အနားတွင် အစဉ်မြဲ ခေါ်ထားသည်။ ထိုအပြုအမူအရ ထျောင်လီ မင်းသမီးအား မယ်တော်ကြီးက ထောက်ခံပေးကြောင်း သိပ်ပြီး ရှင်းလင်းလွန်းနေသည်။

ရှောင်နန်ကတော့ အပြုံးတစ်ဝက်ဖြင့်သာ.. ကိုယ်လုပ်တော် တင်မြောက်ပွဲကို တက်ရောက်ပြီး နန်းဆောင်သို့ စိတ်အေး သက်သာစွာ ပြန်လာခဲ့၏။ နန်းဆောင်အတွင်းသို့ ဝင်လာခဲ့ကာမှ ပြုံးထားသော အပြုံးတို့က လျော့တိလျော့ရဲ ဖြစ်သွားသည်။

~ကျောင်းရန်ချီ..၊ သူက ဒီကို ရောက်နေပြန်ပါပြီ..၊~

ရှောင်နန် တည်ငြိမ်သော ခြေလှမ်းတို့ဖြင့် အေးဆေးစွာ ရေနွေးကို သောက်နေသည့် မင်းကြီးအနားသို့ တိုးကပ်သွားပြီး ဒူးညွှတ် အရိုအသေပေးရင်း..

အမုန်းသင့်ဧကရာဇ် (The Hated Emperor)Where stories live. Discover now