အမုန်းသင့် ဧကရာဇ် (အပိုင်း-၁၆)
@@@@@@@@@@@@@@
~ငါတို့ ပျောင်းပြည်ကို ဖျက်စီးပြီး ပြည်သူတွေကို ခိုကိုးရာမဲ့သွားအောင် လုပ်တဲ့ ကျောင်းမင်းကြီး ငါ မင်းကို သေရင်တောင် ခွင့်မလွှတ်ဘူး သရဲဖြစ်သွားရင်တောင် မင်းကို ခွင့်မလွှတ်ဘူး~
@@@@@@@@@
မြင်းနဲ့ အပြင်းနှင်ခဲ့တာမို့ နောက်တစ်ရက် မိုးသောက်သည်နှင့် တောင်များ ခြံရံထားသော ကွမ်းမိန် ဆိုသော သင်တန်းကျောင်းသို့ ရောက်လာသည်။ ကျောင်းတံခါးဝတွင် မြင်းပေါ်မှ ဆင်းလိုက်ပြီး နောက်မှ လိုက်လာသော ယောင်းလုတို့အား လက်ကာပြလိုက်ပြီး ကျောင်း အတွင်းသို့ တစ်ဦးတည်း ဝင်လာခဲ့မိသည်။
စိတ်အတွင်းဝယ် သူမနှင့် တွေ့ရတော့မည် ဆိုသော အတွေးက ဆွတ်ပျံ့ဖွယ် ကောင်းသည်ဟု ထင်မိသည်။ ရင်ထဲမှာ ပျောက်ဆုံးနေပြီ ဖြစ်သော နူးညံ့မှု တစ်စုံတစ်ရာက ပြန်ဝင်ရောက်လာသလို ခံစားမိစေသည်။
စပြီး ပြန်တွေ့လျှင် နှုတ်ဆတ်ဖို့ကို ဘယ်လို စတင်ရင် ကောင်းမလဲဟု တွေးရင်း လက်ထဲတွင် ကိုင်ထားသော ရွှေဓားက လှုပ်ခတ်လာတော့မလို ထင်မြင်မိသည်။
~ငါမင်းကို ရှာတွေ့တော့မယ် ရှောင်နန်၊ နောက်ဆုံးတော့ ငါ့ရဲ့ ကြီးမားတဲ့ ဆန္ဒနှစ်ခုလုံးက ပြီးမြောက်တော့မယ်၊ ငါ ငါ့အမေအတွက် ကလဲ့စားချေပေးနိုင်ပြီ၊ ပြီးတော့ ငါမင်းကို ရှာတွေ့တော့မယ်၊ အဲ့နှစ်ခုလုံး ပြီးမြောက်ပြီ ဆိုတော့ အခုချိန်မှာ ငါ့ကို တစ်ယောက်ယောက်က သတ်သွားရင်တောင် ငါ သေဖို့ အဆင်ပြေပြီ၊~
အခု လောလောဆယ် ရှောင်နန်နဲ့ တွေ့ဖို့ကို တွေးကြည့် လိုက်တာနဲ့ နွေးထွေးနေသော နှလုံးသား တစ်ခုလုံးက အံ့သြဖို့ ကောင်းသည်။ သူ့အသက်ကို ကယ်ပေးခဲ့တာကို ကျေးဇူးတင် စကားပြောရမည်။ ပြီးတော့ အခုချိန်မှာ ဘာလိုချင်လဲ ဆိုတာမှန်သမျှ ဖြည့်ဆည်းပေးနိုင်ပြီ ဆိုတာကိုပါ ပြောပြချင်သည်။
ခြေတစ်လှမ်းချတိုင်းမှာ ဘေးနားမှ ပန်းတွေ ပွင့်လာသလို ထင်မြင်ချက်က သူ့ကိုပါ မွှေးရနံ့တွေနဲ့ ပြည့်စုံစေသလိုလို၊ သူမက အရင်ကလို ကလေးမငယ်လေးလို ဆံပင်တွေကို နှစ်ဖက်ခွဲ၍ ထုံးဖွဲ့ ထားတုန်းလား ဆိုတာကို မြင်ချင်မိသည်။ သူမနဲ့ အတူ ဈေးတန်းထဲမှာ လွှတ်လပ်စွာ ပြေးလွှား ခဲ့တာကို အမှတ်ရမိသည်။
KAMU SEDANG MEMBACA
အမုန်းသင့်ဧကရာဇ် (The Hated Emperor)
Fiksi Umumရေးသားသူ- စွဲညို့ Genr- Romance, Drama, Historical. ဧကရာဇ်တစ်ပါး၏ အရာအားလုံးကို ပိုင်ဆိုင်ရယူခြင်းနှင့်၊ ချစ်ရသူကို ဆုံးရှုံးခဲ့သော ဇာတ်လမ်းတစ်ပုဒ် Zawgyi+Uni