အပိုင်း-၃၉

1.3K 110 5
                                    

 အမုန်းသင့် ဧကရာဇ် (အပိုင်း-၃၉)

@@@@@@@@@@@@@@@

စားပွဲအတွင်းမှ ဘေးသို့ ရွေ့လျားမိသောအထိ သူမက သူ့အား ပြုစားနိုင်လေသည်။ သူမအနီးသို့ တိုးသွားမိပြီး.. မိုးလင်းခါနီး ဖြစ်သော်လည်း မိုးမှောင်နေဆဲ ဖြစ်သော အခြေအနေက သူ့အား မျက်နှာသာပေးနေသလို.. သူမ၏ ဖူးပွင့်နေဆဲ ကြာပန်းငုံကလေးအား.. အမြတ်တနိုး နူးညံ့စွာဖြင့်.. ခေါင်းကို ငုံ့လိုက်တော့..

'အ..'

သူ့ဗိုက်တွင် စူးရှသော ခံစားမှုကြောင့် သူမအား လွှတ်ပေးလိုက်မိသည်။ ကြည့်လိုက်တော့.. သူမလက်အတွင်းမှ အပ်ကလေးက သူ့ဗိုက်တွင် ထောက်ထား၏။ ပြီးမှ သူမက..

'ရှင်ရူးနေလား.. အပြင်ထွက်..'

သူမက သူ့အား အပ်ဖြင့် ရွယ်ထားရင်းမှ.. အပြင်ထွက်ရန်.. မေးလေးပါ ဆတ်ပြ၏။ သူမ ခြေလှမ်းလေး သူ့ဘက်ကို ရွေ့လိုက်တော့.. သူ အပြင်သို့ ထွက်လာပေးခဲ့သည်။ သူမက သူ့အား အောင်နိုင်သူလို အပြုံးဖြင့်.. အတွင်းမှ တံခါးကို ပိတ်လိုက်ကာ ချက်ပါ ချလိုက်တော့၏။

သူ ပိတ်သွားသော တံခါးကို မကျေမချမ်း.. ကြည့်လိုက်ပြီးမှ.. သူ့ကို အပ်ကလေး တစ်ချောင်းနှင့် ထောက်ကာ အပြင်သို့ နှင်ထုတ်လိုက်တာကို တွေးမိကာ ရှက်သွေး တက်သွားမိသည်။

~~ငါလို ဧကရာဇ် တစ်ပါးကို ဘယ်လို လုပ်ပြီး အပ်နဲ့ အခန်းအပြင်ကို နှင်ထုတ်နိုင်တာလဲ..၊ ရှက်ဖို့ ကောင်းလိုက်တာ..~~

~ငါမလိုချင်လို့ ပစ်ထားတဲ့ မိဖုရားက နှစ်ပါးတောင် ရှိတယ်.. သူမငါ့ကို ငြင်းရဲတယ်..~ ထားလိုက်ပါတော့ အဲ့ဒီ အရူးမလေးက ငါ့ကို ဘယ်သူမှန်းတောင် သိသေးတာ မဟုတ်ဘူး..~

တွေးလေ တွေးလေ ရှက်သွေးတက်လေဖြင့် သူ စစ်ရေးဗျူဟာ ရေးဆွဲသော သူ့အခန်းသို့ ရောက်ကာမှ.. သူ့စိတ်တွေ ကြည်လင်နေတာကို သတိထားမိလိုက်သည်။ သူမဆီ သွားပြီး ပြန်လာတိုင်း အတွေးအသစ်တွေ ရရှိနေမှုကို သူ သိပ်ပြီး သာယာနေတယ် ဆိုတာ ဘယ်သူကိုမှ ဖွင့်ပြောဖို့ မရည်ရွယ်မိပေ။ သူ စာကြည့်စားပွဲပေါ်တွင် အမိန့်စွာလွှာ တစ်ခုအား.. ရေးသားလိုက်ပြီး.. သေသပ်စွာ လိပ်လိုက်ကာ.. စာထည့်သော ဝါးဘူးအတွင်းသို့ ထည့်ကာ.. အဖုံးပိတ်လိုက်၏။

အမုန်းသင့်ဧကရာဇ် (The Hated Emperor)Where stories live. Discover now