အမုန်းသင့်ဧကရာဇ် (အပိုင်း-၈၂)
@@@@@@@@@@@@@@
ငါကိုယ်တော်ကို သတ်ပစ်ဖို့ ဝန်မလေးလောက်အောင် မုန်းတီးနေတဲ့ မင်းရဲ့မာကျောတတ်တဲ့ နှလုံးသားတွေကြောင့် စူးနင့်နေအောင် နာကျင်ရပေမယ့် မင်းကို လက်လွတ်လိုက်ဖို့လား၊ ဒီဘဝမှာတော့ သေတောင် မဖြစ်နိုင်ဘူး ရှောင်နန်။
@@@@@@@@@@
အနားတွင် ယုံကြည်ရပြီးတော့ ခင်တွယ်ရသူ တစ်ဦးမှ မရှိခြင်းကြောင့် ရှောင်နန်၏ ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းက သာ၍ ဆုတ်ယုတ်လာလေသည်။ အစားအသောက်က ကိုယ်ဝန်တည်စ၌ပင် စားဝင်သေးပြီး ချိုင်ယွဲ့မရှိခြင်းကြောင့်ရယ် ရှောင်နန်အား ခစားပြုစုသူ အပျိုတော်များက အကြောင်းမသိ နားမလည်ခြင်းကြောင့်ရယ် ကျွေးသမျှ ပြင်ပေးသမျှသည်က မည်သည့်အရသာမျှ မရှိဟု ထင်ဖွယ် ကောင်းပြီး မည်သို့မျှပင် စား၍ မဝင်နိုင်ပေ။
'မိဖုရား အနည်းဆုံးတော့ အစားနည်းနည်း ဝင်အောင် စားသင့်'
'ပြန်ယူသွား'
'မွေးမယ့်ရက်က သိပ်ပြီးနီးနေပြီမို့ အားရှိစေဖို့'
'ခွမ်း!!'
စားဖွယ်တွေ တည်ခင်းထားသော ဗန်းများအား ဆွဲချပစ်လိုက်တော့ စားသောက်ဖွယ်ကခွက်တို့က အလဲလဲ အပြိုပြို၊
'မင်းတို့ ငါ့ကို အဆိပ်ခတ်ထားရင် ဘယ်လို လုပ်မလဲ'
အပျိုတော်ငယ်လေးများက ထိတ်လန့်မှုကြောင့် တုန်ရင်နေကြပြီး ဒူးထောက်၍ပင် ကျိန်ဆိုကြလေသည်။
'ကျွန်မတို့ မလုပ်ဝံ့ပါ မိဖုရား'
'ချိုင်ယွဲ့ကို ခေါ်ပေးပါ'
'ဒါပေမယ့် မင်းကြီးက'
'ဒါဆို ဖုန်းအာကို ခေါ်ပေးပါ'
'ဖုန်းအာက'
မပြောဝံ့ မပြောရဲနေသော ပုံစံအား ရှောင်နန် ကြည့်နေလိုက်ပြီးမှ မျက်နှာလွဲလိုက်သည်။ သို့သော် ထိုအပျိုတော်ငယ်လေးက ရှောင်နန်အား ဆိုလာပါလေသည်။
'ကျွန်မကို မင်းကြီးက ပို့ထားတယ် ဆိုတာ မှန်ပေမယ့် မိဖုရားကို စိတ်ပါလက်ပါနဲ့ ပြုစုခစားပေးမယ့်လူပါ'
ESTÁS LEYENDO
အမုန်းသင့်ဧကရာဇ် (The Hated Emperor)
Ficción Generalရေးသားသူ- စွဲညို့ Genr- Romance, Drama, Historical. ဧကရာဇ်တစ်ပါး၏ အရာအားလုံးကို ပိုင်ဆိုင်ရယူခြင်းနှင့်၊ ချစ်ရသူကို ဆုံးရှုံးခဲ့သော ဇာတ်လမ်းတစ်ပုဒ် Zawgyi+Uni