အမုန်းသင့် ဧကရာဇ် (အပိုင်း-၃၅)
@@@@@@@@@@@@@@@
မင်းကြီး၏ အမိန့်သည် နာခံရန်သာ ဖြစ်သည်မို့ ယောင်းလု.. ခေါင်းညိတ်လိုက်ပြီး..
'မင်းကြီး အမိန့်အတိုင်းပါပဲ..'
'ကောင်းပြီ.. မင်း ပြင်ဆင်တော့..'
ယခုအချိန်တွင် မင်းကြီးအား.. ယခင်က ကျောင်းမင်းသားရန်ချီနှင့် နည်းနည်းမှ မသက်ဆိုင်ဟု ခံစားမိလာသည်။ သူတို့က လူနှစ်ဦးလား..၊ တစ်ဦးတည်းလား ဆိုတာကိုပင် ဇဝေဇဝါ ဖြစ်လာသည်။ မင်းကြီးက သူ လိုက်မမှီနိုင်အောင် ပြောင်းလဲ သွားလိုက်တာ..၊
@@@@@@@@@@@
ယောင်းလု စစ်စခန်းမှ ထွက်လာသော်လည်း စစ်တိုက်သော သတင်းများက နေရာအနှံ့ ကြားနေရသည်။ မင်းကြီးက နှစ်ရက်လောက်နား တစ်ခါတိုက်နှင့် စစ်ကို အားသွန်ခွန်စိုက် တိုက်နေ၏၊ တစ်ပတ်ကျော်အတွင်းမှာပဲ ထျောင်ပြည်၏ တစ်ဝက်လောက်က မင်းကြီး၏ လက်အတွင်းသို့ ကျရောက်သွားပြီ။
ကျောင်းနဲ့ ထျောင်က စစ်ရေးအင်အားချင်း တူညီသော်လည်း.. ကျောင်း၏ စစ်သည်တော်များက မင်းကြီးကိုယ်တိုင် နေ့တိုင်း လေ့ကျင့်စေခြင်း စနစ်တကျ ဖွဲ့စည်းထားခြင်း မင်းကြီး၏ ဗျူဟာ သာလွန်ခြင်း တို့ကြောင့် ထျောင်နိုင်ငံ၏ တပ်များက မယှဉ်သာသလို ဖြစ်နေသည်။
ယောင်းလု ကုန်သည်အုပ်စုတွင် ခဏမျှ ကြေးစား ဝင်လုပ်ကာ.. ထျောင်နိုင်ငံအတွင်းသို့ ကူးလာသည်။ မင်းကြီး၏ ကိုယ်ရံတော် ဖြစ်သော်လည်း အနားတွင် နေရသော အချိန်က နည်းပါးလွန်းသဖြင့်.. ယောင်းလုအား မည်သူမျှ သတိမထားမိခြင်းက ကံကောင်းသွား၏။
ထျောင်သို့ ဝင်လာ၍ ရပြီးမှ နန်းတော် အခြေအနေကို စစ်ဆေးကြည့်သည်။ ထျောင်နန်းတော်၏ ညာဘက်ဘေးတွင် တောင်ကမ်းပါးအမြင့် တစ်ခု ရှိပြီး လူတက်၍ မရနိုင်အောင် ခက်ခဲ ကြမ်းတမ်းလွန်း၏။ ထို့ပြင် နန်းတော်စောင့်များ လုံလောက်စွာ ချထားသည်ထက် ပိုနေသေး၏။
နန်းတော်တံတိုင်းကလည်း မြင့်မားလွန်းကာ တက်ရောက်ဖို့ မလွယ်ကူပေ။ နန်းတော်အတွင်း ရော၍ ဝင်ရအောင်ကလည်း သေချာ ကျပ်မှတ်စွာ စစ်ဆေးနေသည်ကို တွေ့ရ၏။ ယောင်းလု တွေးနေရင်းဖြင့် နန်းတော် တစ်ခုလုံးအား မသိမသာ လှည့်ပတ် ကြည့်နေမိသည်။
BẠN ĐANG ĐỌC
အမုန်းသင့်ဧကရာဇ် (The Hated Emperor)
Tiểu Thuyết Chungရေးသားသူ- စွဲညို့ Genr- Romance, Drama, Historical. ဧကရာဇ်တစ်ပါး၏ အရာအားလုံးကို ပိုင်ဆိုင်ရယူခြင်းနှင့်၊ ချစ်ရသူကို ဆုံးရှုံးခဲ့သော ဇာတ်လမ်းတစ်ပုဒ် Zawgyi+Uni