အမုန်းသင့် ဧကရာဇ် (အပိုင်း-၈၅)
@@@@@@@@@@@@@@
'ငါတို့က တစ်မိသားစုဝင်တွေပဲ မို့လို့ ရင်းရင်းနှီးနှီးနေလို့ ရတယ်'
ဇန်းသာချီ မိဖုရား၏စကား အသွားအလာကို ကြားမိတော့ ရှောင်နန် သဘောမကျသလိုပင် ဖြစ်သွားမိသေးသည်။ ရှောင်အယ်က ခိုင်ရှင့်နှင့် ရင်းနှီးရန် တက်ကြွနေပြီး နေရာဌာနကိုပင် လိုက်လံ ပြသပေးကာ မင်းသမီးငယ်လေးကမူ ရှက်သွေးတဝေဝေနှင့် ဖြစ်နေရှာသည်။
ပန်းမျှောပွဲတွင်လည်း ရှောင်အယ်က မင်းသမီးငယ်လေးအနားတွင် ရှိနေပြီး ရယ်လိုက် မောလိုက် ရယ်ဖွယ်တွေ ပြောပြလိုက်နှင့် ဂရုတစိုက် ရှိနေ၏။ ထိုသည်က ကြီးမားလှသော ပြသနာဟု ရှောင်နန် မတွေးမိပဲ နေနေလိုက်မိသည်။ ခိုင်ရှင့် ပြန်သွားပြီး နှစ်လအကြာတွင် ပျောင်းမင်းသားငယ်မှ မင်းသမီး ခိုင်ရှင့်အား လက်ဆက်ရမည်ဟု ကျောင်းနန်းတော်မှ အမိန့်စာ မကျမှီ အထိ ဖြစ်လေသည်။
'ဘာ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ'
ရှောင်နန်၏ ကန့်ကွက် စကားတွင် ရှောင်အယ်က မျက်ဝန်းလေး ကလယ် ကလယ်နှင့် ဖြစ်နေသည်။
'ရှောင်အယ်က သူမကို မင်းသမီးလေးမို့ ပိုပြီး ဂရုစိုက်လိုက်တာ မှန်ပေမယ့် သူမဘက်က အခုလို အထင်မြင်လွဲသွားမယ်လို့ တကယ် မတွေးခဲ့မိဘူးလေ'
ရှောင်အယ်၏ စကားတွေက တစ်ခုခု မှားယွင်းနေသည်ဟု ရှောင်နန်ကို ခံစားမိစေသည်။ သို့သော် ကျောင်းမင်းကြီး၏ အမိန့်စာ အရ ဆိုမှတော့ မင်းသမီးငယ်လေးအား ပျောင်းနန်းတော်သို့ ပို့ဆောင်လာခဲ့လေ၏။ မင်းသမီးငယ်လေးက ပျော်ရွှင်စွာဖြင့် ရောက်လာရှာသည်။ သို့သော် သူမအား ကြိုဆိုမည့်သူမှာ မမျှော်လင့်ထားသူ ဖြစ်ဟန် တူပြီး မျက်နှာလေး ငယ်ကျသွားသည်။
'အဆင့်တစ် မယ်မယ် ရှောင်အယ် မင်းသားငယ်ရော'
'သူ ဒီနေ့ သိပ်မအားလို့ပါ မင်းက ပိုပြီး နားလည်ပေးလိုက်ပါ'
ရှောင်နန် ထိုစကားသာ ပြောလိုက်မိသည်။ ရှောင်အယ်ကား မနက်အစောမှာပင် ရေကာတာ ကျိုးပေါက်နိုင်တာကြောင့် သွားကြည့်ရမည်ဟု ပြောကာ ထွက်သွား၏။ သို့သော် ညနေ နေဝင်တော့ ယုန်သေနှစ်ကောင်ကို ကိုင်လျက် ပြန်လာပြီးလျှင်
BẠN ĐANG ĐỌC
အမုန်းသင့်ဧကရာဇ် (The Hated Emperor)
Tiểu Thuyết Chungရေးသားသူ- စွဲညို့ Genr- Romance, Drama, Historical. ဧကရာဇ်တစ်ပါး၏ အရာအားလုံးကို ပိုင်ဆိုင်ရယူခြင်းနှင့်၊ ချစ်ရသူကို ဆုံးရှုံးခဲ့သော ဇာတ်လမ်းတစ်ပုဒ် Zawgyi+Uni