အပိုင်း-၄၀

1.4K 95 0
                                    

 အမုန်းသင့် ဧကရာဇ် (အပိုင်း-၄၀)

@@@@@@@@@@@@@@@

'မြန်မြန်.. သွားလုပ်လေ! ဘာလုပ်နေတာလဲ..'

ချန်ကွမ်းက သူမကမ်းပေးသော အဝတ်စကို လှမ်းယူလိုက်ပြီး.. စားပွဲတွေကို စတင် တိုက်ပွတ်သည်။ သူမက ချက်နေရင်းဖြင့်..

'ရှင်တို့ နှစ်ယောက်က ကျွန်မနဲ့ သိတာ အရမ်းကံကောင်းတယ်.. ကျွန်မက စိတ်ထားကောင်းတဲ့ သူမို့.. ရှင်တို့ကို အမြဲတမ်း မင်းကြီးစားမယ့် အစားအစာတွေကို ကျွေးမွေးတာ.. ရှင်တို့ အစားကောင်းစားရတယ်..'

သူမက သူမ၏ ဂုဏ်ကို ဖော်ရခြင်း အတတ်ပညာကို ကောင်းစွာ တတ်ကျွမ်းလေသေး၏။ သူ ပြုံးလိုက်မိပြီး.. တံမြတ်စည်းကို လျင်မြန်စွာ လှဲကျင်းလိုက်တော့၏။

~~သူမကို နန်းတော်ရဲ့ မှတ်တမ်းထဲမှာ.. ဧကရာဇ်နဲ့ သူ့ရဲ့ ကိုယ်ရံတော်ကို မီးဖိုခန်း သိမ်းခိုင်းသော မိန်းကလေး ဆိုပြီး သီးသန့် မှတ်သားဖို့ လုပ်ရမယ်..~~

သူနဲ့ ချန်ကွမ်းအား သူမက စားချင်စဖွယ် ဟင်းလျာတချို့အား ပြင်ဆင်ပေးသည်။ မနက်ဖြန် ဆိုလျှင် နန်းတော်သို့ ပြန်ရတော့မည်။ ပြီးတော့ ထျောင်ပြည်နယ်၏ ကိစ္စများကို ကိုင်တွယ်ရန် သူ အားလပ်တော့မည် မဟုတ်ပေ။ သူမကို တွေ့ချင်လျှင်တောင်.. မျက်စိများ နားများသော နန်းတော်တွင်.. သူမအား တွေ့ဖို့ကို သူ အထူးတလည် စီမံမှသာ ရပေလိမ့်မည်။

သူတို့ စားသောက်ပြီး ညသန်းခေါင်သို့ ရောက်တော့.. အနောက်မှ လိုက်လာသော စစ်တပ် တစ်ခုလုံးက လောင်မြို့ပတ်လည်တွင် နေရယူလိုက်ကြ၏။ ထိုအခါမှ ချန်ကွမ်းအား သူမအတွက် ထျောင်မင်းကြီးငယ်ကို သူမ၏ မိခင်ထံမှ သွားယူစေလျက် သူမအား ပေးစေသည်။

သူမထံသို့ကလေးငယ် ရောက်သွားသည်နှင့် စိုးရိမ်ပူပန်နေသော သူမ၏ မျက်နှာလေးက အရယ်အပြုံးများနှင့် ပြည့်စုံလာတော့သည်။ ဒီတစ်ကြိမ်တွင်တော့ သူ စိတ်မရှည်စွာဖြင့် ထျောင်မင်းကြီးငယ်ကို မသတ်ခဲ့ခြင်းအား.. တော်သေးသည်ဟု တွေးမိစေသည်။

သူမချက်ထားပေး သမျှကို စားသောက်ထား၍ သူမက မင်းကြီးအတွက် ချန်လှပ်ထားသော စားဖွယ်များကို နည်းနည်းမျှပင် မတို့ထိ နိုင်တော့ပေ။ ထို့နောက် ကျေနပ်စွာဖြင့်.. သလွန်ပေါ် လှဲချလိုက်တော့၏။

အမုန်းသင့်ဧကရာဇ် (The Hated Emperor)Where stories live. Discover now