အပိုင်း-၅၃

1.3K 108 2
                                    

 အမုန်းသင့် ဧကရာဇ် (အပိုင်း-၅၃)

@@@@@@@@@@@@@@@

'ဒါပေမယ့် မင်းကို ပိုင်ဆိုင်သူ တစ်ဦး ရှိသေးတယ်.. ငါထင်တာမှာ မင်းသူ့ကို ပြောဆို နားချပြီး ခေါ်လာခဲ့မယ် တွေးထားတာ.. သူက ငြင်းတယ်ဆို.. မင်းထပ် ကြိုးစားသင့်တယ်..'

'သူက ငါ့ဘဝထဲမှာ ပါလာဖို့ လိုသေးတယ်လို့ မင်းတွေးနေတာလား ရှောင်နန်..'

'ငါနဲ့ မင်းရဲ့ မင်္ဂလာဆောင်ကို ချီးမြှင့်ဖို့ မင်းရဲ့ ပထမဇနီး မရှိဘူး ဆိုရင်.. ငါလက်မခံဘူး..'

သူမပြောလိုက်တာက ယတိပြတ်ဖြစ်သည်။ သူမမျက်လုံးတွေအရ သူမစကားတွေကို ပြန်ပြင်ဆင်မှာ မဟုတ်မှန်း သိသာနေ၏။ ဒါက ရှောင်နန်ဆိုတဲ့ သူမ၏ တခြားတစ်ဖက် ပုံစံအမှန်လိုလို့တောင် ရှောင်ကန်း ခံစားမိလာသည်။ ရှောင်နန်က ရှောင်ကန်းမျက်နှာပေါ်က ဖြစ်ပျက်သမျှကို လိုက်မကြည့်နေပဲနှင့် တူကို စကိုင်၏။

'တကယ်လို့သာ.. မင်းနဲ့ငါအတွက် လူကြီးမိဘ ဒါမှမဟုတ် မင်းရဲ့ ပိုင်ဆိုင်သူရဲ့ သဘောတူညီချက် မရှိဘူး ဆိုရင်.. အဲ့တာတွေ ရှိလာမယ့် အချိန်ထိ ငါစောင့်နိုင်ပါတယ်..'

သူမ ပြောသွားသော စကားများအရ သူမက အလွန်အမင်း သဘောထားကြီးသော ပုံစံ ဖြစ်နေသော်လည်း.. သူ့ကို အကျပ်ကိုင် နေသလိုမျိုး ရှောင်ကန်း ခံစားမိလာသည်။ သူမက တကယ်ပဲ သူ့မိဖုရားသာ လက်မခံရင် သူ့ကို လက်မထပ်နိုင်ပါဘူးလို့ ငြင်းဆိုလိုက်ခြင်းကို ခံရသလို ထင်မြင်မိစေသည်။

လက်ရှိမှာ သူ့ကို မြစ်ရေကို ကြိုက်သလိုခပ်ရန် ခွင့်ပြုပေးထားသော်လည်း ခြင်းတောင်းနှင့် ခပ်ရန် ပြောနေသလိုပင်..၊ သူမကတော့ အငွေ့ထွက်နေဆဲ စားဖွယ်များကို ဖြည်းညင်းစွာ စတင်ပြီး စားသောက်နေလေပြီ။

@@@@@@@@@@

'မင်းကြီး.. ကျွန်တော်မျိုးကို ဆင့်ခေါ်တယ် ဆိုလို့..'

ဝူဟန့်က အရိုအသေပေးရင်း မေးခွန်းပါ တစ်ခါတည်း မေးသည်။ ရန်ချီ ဖတ်လက်စ စာအုပ်ကို ဘေးသို့ တွန်းပို့လိုက်ပြီးမှ..

'အမတ်မင်း ချန်ရှန့်ကို ပျောင်းကနေ ပြန်ခေါ်ပြီးတော့ မြောင်က သတ္ထုတွင်းတွေမှာ နေရာချထားဖို့ တွေးထားတယ်.. ဆရာ့ကို သွားခေါ်လာခဲ့ပါ..'

အမုန်းသင့်ဧကရာဇ် (The Hated Emperor)Where stories live. Discover now