အပိုင်း-၇၉

1.5K 145 9
                                    

အမုန်းသင့် ဧကရာဇ် (အပိုင်း-၇၉)

@@@@@@@@@@@@@@@

လေးနိုင်ငံ ဧကရာဇ် ဆိုသည်က သူမ၏ ကလေးငယ်ကို မွေးဖွားပေးရန် ဆုံးဖြတ်ချက်လောက် အမှန်တကယ် လိုချင်ဖွယ် မကောင်းပါလေ။ ပြောရလျှင် သူမအား ထိုမျှထိ ကောင်းကောင်းဆိုးဆိုး နာနာကျင်ကျင် မည်မျှပင် ရက်စက်ပါစေ ဆက်ပြီး ဆက်ပြီး ချစ်မြတ်နိုးလိုသည်။ ရှင်သန်စေလိုသည်။

@@@@@@@@@@

ကျောင်းသို့ ပြန်ရောက်သည်တွင် ရန်ချီ ပထမဆုံး ရင်ဆိုင်ရသည်က အမတ်မင်းအများမှ ခဲ့အမတ်မင်းအား မျက်နှာသာပေးလွန်းမှုကို ဖြစ်နေသည်။ ခဲ့သျောင်မိဖုရားသည်က ကိုယ်ဝန်လွယ်ထားပြီး နမိတ်ဖတ်ဆရာများမှ ပြောသည်က သားတော်မွေးဖွားမည်ဟု ဆိုကြသဖြင့် အမတ်မင်းအများက ခဲ့အမတ်မင်း၏ တစ်အာဏာကို အလေးထားနေကြသည်။ ညီလာခံသည်က တစ်ဖက်စောင်းနင်းပြီး ဦးတည်ရာသည်က ခဲ့သျောင်၏ကလေးအား အိမ်ရှေ့စံအဖြစ် တင်ရန် ဖြစ်နေသည်။

ရန်ချီ ငြိမ်လျက် နားထောင်နေပြီးမှ မည်သို့သော စကားမျှ မဆိုပေ။ ညီတော်သည်က ကြားနေလူသားအဖြစ် နေနေပြီး မည်သို့သော ထင်မြင်ချက်မျှပင် မပြုပေ။ ငါးလတာကာလအတွင်း ညီလာခံ၏ တိမ်းစောင်းသွားမှုကို ရန်ချီ မချိပြုံးသာ ပြုံးမိပါ၏။ ခဲ့သျောင်၏ကလေးငယ်သည်က သားတော် သေချာပေါက် ဖြစ်မည်ဟု ဆိုထားခြင်းအား သာ၍ပင် ရန်ချီ မလိုလားပေ။

ပထမဆုံးသော တုန့်ပြန်မှုအားဖြင့် ညီလာခံသို့ နမိတ်ဖတ်သော ဟောဆရာများကို သွင်းစေလိုက်သည်။

'ငါကိုယ်တော်မှာ လက်ရှိ မိဖုရားနှစ်ပါးလုံးက ကိုယ်ဝန်လွယ်ထားရတယ်၊ ဒါပေမယ့် သားတော် မွေးမယ့် မိဖုရားသာလျှင် ဧကရီ ဖြစ်ရမှာ ဆိုတော့ ဘယ်မိဖုရားက သားတော်မွေးမလဲ ဆိုတာကို ငါကိုယ်တော် အမှန်တကယ်ကိုပဲ သိလိုလှတယ်'

လေးနိုင်ငံဧကရာဇ်၏ အရှေ့တွင်မို့ ဟောဆရာများသည်က သူတို့၏ ဆိုစကားကို အသက်နှင့်ယှဉ်၍ တာဝန်ယူရမည်မှာ သိပ်ပြီး ကြီးလေးလွန်းလေပြီ။ ထို့အတွက် အပိုစကားမျှပင် မဆိုဝံ့ကြပါပဲနှင့် တိတ်ဆိတ်နေကြသည်မှာ ညီလာခံအတွင်း အပ်ကျသံပင် ကြားရလောက်ပေသည်။

အမုန်းသင့်ဧကရာဇ် (The Hated Emperor)Where stories live. Discover now