အပိုင်း-၆၂

2K 146 9
                                    

အမုန်းသင့် ဧကရာဇ် (အပိုင်း-၆၂)

@@@@@@@@@@@@@@@

"ကိစ္စမရှိဘူး မင်းကြီးရဲ့ ရွှေဓားအဆင့် လျို့ဝှက်ကိုယ်ရံတော် နန်းတော်ကို ပြန်ရောက်လာတာပါ မင်းတို့ စိတ်ပူဖို့ မရှိပါဘူး"

ဝူဟန့်က တစ်ချက်မျှ အန်းသွားသော်လည်း ရိုကျိုးစွာပင် နန်းဆောင်အတွင်းမှ ခုန်ပျံလျက် ထွက်ခွာသွားတော့၏။ ဘယ်လိုပဲ ဖြစ်ဖြစ် ရန်ချီ ကျေနပ်စွာ ပြုံးလိုက်မိသည်။ ယနေ့တွင် အနားမှာ ရှိစေလိုသူ နှစ်ဦးလုံးကို ပြန်လည် ရရှိလိုက်ခြင်းက ရန်ချီကို ကျေနပ်မှု အပြည့် ပေးစွမ်းနိုင်လေသည်။

@@@@@@@@@@

လဝက်မျှ ကြာပြီးနောက်မှ လီဝမ် ပျောင်းနန်းတော်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ စစ်သူကြီး လီဝမ် ဆိုပေမယ့် ပြောရလျှင် လီဝမ်က ပျောင်းနန်းတော်မှာသာ နေတာများသည်။ လီဝမ် လက်အတွင်းတွင် ရှိသော စစ်သည်တော် နှစ်ထောင်သည်လည်း မင်းသားငယ်အား စောင့်ရှောက်ရန် အတွက် နန်းတော်တပ်ကိုသာ အားဖြည့်ထားသည်။

ပျောင်းနန်းတော်သည် လီဝမ်၏ နေအိမ်ကဲ့သို့ ဖြစ်နေသော်လည်း ဒီတစ်ကြိမ်ဝယ် ပျောင်းနန်းတော်သို့ ခြေချရမည်ကို စိုးရိမ်နေမိသည်။ မင်းသားငယ်နဲ့ တွေ့ဆုံရမည်ကို ကြောက်ရွံ့နေမိသည်။ မင်းသမီး မပါလာပါဘူး ဆိုသည့် စကားကို ဘယ်လို ပြောပြရမှန်းလည်း မသိ ဖြစ်မိသည်။

နန်းတော်တံခါးထိ ရောက်လာပြီးမှ အရှေ့သို့ ခြေတစ်လှမ်းလောက် ချလိုက်လျှင်ပဲ ပျောင်းနန်းတွင်းသို့ ရောက်တော့မည်တွင် လီဝမ် နန်းတော်တံခါးရှေ့ဝယ် တောင့်မတ်စွာ ရပ်နေမိဆဲ ဖြစ်သည်။ ပျောင်းမှ ကျောင်းသို့ မသွားခင် ကာလတုန်းက အကြောင်းကို တွေးမိတော့ ပျော်ရွှင်နေသော မင်းသားငယ်၏ မျက်နှာကို ပြေး၍ မြင်ယောင်မိသည်။

ထိုစဉ်တုန်းက ရွှင်မြူး တက်ကြွနေသော မင်းသားငယ်က သူကိုယ်တိုင်ပင် ကျောင်းသို့ လိုက်ပါလာပြီးမှ မင်းသမီးကို ခေါ်ဆောင်လိုသည်။ လီဝမ် မင်းသားငယ်ကို ကတိ အထပ်ထပ်ပေးကာ ပျောင်းတွင် နေရစ်ခဲ့ဖို့ကို တောင်းဆိုခဲ့ပြီး မင်းသမီးကို ပါအောင် ခေါ်ဆောင်လာခဲ့ပါမည်ဟု ကတိပေးခဲ့သည်။

အမုန်းသင့်ဧကရာဇ် (The Hated Emperor)Where stories live. Discover now