အမုန်းသင့် ဧကရာဇ် (အပိုင်း-၃၇)
@@@@@@@@@@@@@@@
'အဲ့အတောအတွင်း ငါမင်းနောက် လိုက်နေမှာ..'
ဒီလောက် ခေါင်းမာတတ်တဲ့သူကို ဆရာနှစ် ဆက်ပြီး မကစားချင်တော့တာ မဆန်းပါဘူးဟုပင် တွေးလိုက်မိသည်။ သို့သော် ထိုသူ ပြပေးသော လမ်းအတိုင်း ဝင်လာပြီးမှ.. နန်းဆောင်အတွင်းသို့ ရောက်လာသည်။
အတွင်းဝယ်.. သလွန်ထက်၌ လှပ တင့်တယ်ဆဲ မိန်းမတစ်ဦးက အိပ်နေပြီး အပြင်တွင် ရဲမက်များက ရှိနေသည်။ သူ အတွင်းသို့ ခုန်ဝင်လိုက်ပြီးမှ.. ဘေးနားရှိ ပုခပ်အတွင်းရှိ.. ကလေးငယ်ကို ပွေ့ချီလိုက်သည်။ ပြီးမှ.. အိပ်မောကျစေရန် ဆေးတစ်လုံးကို တိုက်ကျွေးလိုက်၏။ ပြီးမှ ဓားမြောင်ကို ထုတ်လိုက်ကာ.. ကုတင် အနီးသို့ သွားလိုက်ပြီး အိပ်ပျော်နေဆဲ မိန်းမဘေးရှိ မွှေးနံ့သာ ခွက်အတွင်းသို့ ဆေးတစ်လုံး ထည့်ပေးလိုက်ကာ.. ကလေးငယ်ကို ကျောပိုးလျက် ထျောင်နန်းတော်မှ ထွက်လာခဲ့တော့၏။
ယောင်းလု မမေ့မလျော့နှင့် စားပွဲပေါ်ရှိ မိဖုရားကြီး အမှတ်တံဆိတ်ကို ယူလာခဲ့သေးသည်။ အိပ်မောကျနေသော ကလေးအား ခေါ်ဆောင်လာပြီး.. အပြင်သို့ ထွက်ရန် ခက်ခဲနိုင်တာကို တွေးမိရုံ ရှိသေးသည်။ ခုနတုန်းက သိုင်းသမားက သူ့အား နန်းတော်တံတိုင်းမှ လက်ယက်၍ ခေါ်လေသည်။
သွားသေလိုက်..၊ သူ ကြိုက်နေတာ မိန်းမစစ်လား မစစ်လားလည်း မသိပဲနဲ့..၊
@@@@@@@@@@
မနေ့ညက ဒီနေ့အတွက် ဗျူဟာတွေကို တွေးတောရင်း ညနက်မှ အိပ်ရသည်။ အကယ်၍ သူ ကြိုးစားထားသလို စီးချင်းထိုးရန် စစ်သူကြီး မထွက်လာပါက.. ဘယ်လို လုပ်ရမလဲ ဆိုတာကို ထပ်ဆင့်တွေးတော ရသေး၏။ ထိုသို့ စစ်သူကြီးတစ်ဦးဦးသာ ထွက်လာပါက ယှဉ်ပြိုင်ကာ အနိုင်ယူနိုင်လျှင် တစ်ဖက်မှ စစ်သည်တို့၏ စိတ်ဓာတ်အင်အားကို နှိမ်ချိုးရာကျမည် ဖြစ်၏။ ထို့ပြင်.. ကျောင်းဘက်မှ စစ်သည်တော်များ၏ စိတ်ခွန်အားကို မြင့်တင်ပေးရာလည်း ရောက်မည် ဖြစ်၏။
သို့ပေသိ.. သူမျှော်လင့်ထားသလိုမျိုး တစ်ဖက်မှ စစ်သူရဲတွေက မျက်နှာပြောင်တိုက်စွာနှင့် လက်မခံလျှင် သူ တခြားနည်းလမ်းကို စဉ်းစားရမည် ဖြစ်၏။ ထိုနောက်တစ်မျိုးအတွက် နောက်သုံးရက် နေလျှင် ကျောင်းနေပြည်တော်မှ စစ်သည်တစ်သိန်းကို လွှတ်ပေးလိုက်မည် ဖြစ်သောကြောင့်.. နောက်သုံးရက် ဆိုလျှင် ဒီလောင်မြို့ကို သူ အပိုင်ရတော့မည်။ သို့သော် နောက်ထပ် သုံးရက်ကို သူ မစောင့်ချင်တော့ပေ။
ESTÁS LEYENDO
အမုန်းသင့်ဧကရာဇ် (The Hated Emperor)
Ficción Generalရေးသားသူ- စွဲညို့ Genr- Romance, Drama, Historical. ဧကရာဇ်တစ်ပါး၏ အရာအားလုံးကို ပိုင်ဆိုင်ရယူခြင်းနှင့်၊ ချစ်ရသူကို ဆုံးရှုံးခဲ့သော ဇာတ်လမ်းတစ်ပုဒ် Zawgyi+Uni