အပိုင်း-၆၉

1.7K 164 11
                                    

အမုန်းသင့် ဧကရာဇ် (အပိုင်း-၆၉)

@@@@@@@@@@@@@@@

'ငါ့မှာ ကိုယ်ဝန်မရှိဘူး၊ ငါဒါကို လက်မခံနိုင်ဘူး'

ခပ်တိုးတိုး ရေရွတ်ပြီးနောက် သူမသည် စိတ်ပူပန်မှု အလုံးစုံ အုံကြွသွားသည့်နှယ် ထိုနေရာတွင် လဲကျမေ့မျော သွားပါလေတော့သည်။

@@@@@@@@@@

သူမ၏ ကြောက်ရွံ့မှုကို တွေ့မြင်လိုက်ရခြင်းက ရန်ချီကို အံ့အားသင့်စေသည်။ သူမနှင့် ဆုံတွေ့ခဲ့သည်က နန်းတော်သူ ဘဝတည်းက ဖြစ်သော်လည်း သူမ၏ ကြောက်ရွံ့မှုကို မတွေ့မြင်ဖူးသည်က အမှန်တကယ်ပင် ဖြစ်၏။ သူမ ပြုလိုသမျှ အကြောင်းအရာကို သူမသည် အကြောက်အလန့်ကင်းစွာ ပြုလုပ်နိုင်သူ ပီသစွာပင် မင်းကြီးအဖြစ် တွေ့တော့တောင် သူမက ခြောက်ခြားသွားခြင်း မရှိပါပဲနှင့် နာနာကျင်ကျင် ခံစားမှု တချို့ကိုသာလျှင် တွေ့မြင်ခဲ့ရလေသည်။

အခု မြင်လိုက်ရသော မြင်ကွင်းသည်က သူမ၏ မျက်ဝန်းအစုံတွင်းဝယ် ရန်ချီ တစ်ကြိမ်တစ်ခါမျှပင် မမြင်ဖူးသော ကြောက်ရွံ့မှု အရိပ်တို့နှင့် လက်မခံလိုမှုများ၊ ရင်ဆိုင်ရန် မတွေးရဲမှုများ စသည့်တို့ ကိန်းအောင်းနေပါလေသည်။ ပျော့ခွေကျသွားသော သူမအား မျက်နှာလွဲလိုက်သော်လည်း ရန်ချီ၏ မျက်ဝန်းအတွင်းဝယ် သူမ၏ စိုးရွံ့နေသော လက်မခံနိုင်မှုများကို မြင်ယောင်မိဆဲပင် ဖြစ်ရာ နောက်ပြန်လှည့်လျက် သူမအား ပွေ့ချီယူလိုက်ရလေတော့သည်။

ကံကောင်းလှစွာဖြင့် တန်းခိုးအစွမ်းရှိသူတို့က ရန်ချီ၏ တောင်းဆိုမှုကို လျစ်လျူမရှုလေဘူး။ သူမအား မစွန့်လွတ်နိုင်မှုကြောင့် သူမ၏ နူးညံ့လာမှုကို မျှော်လင့်နေမှုက အရာထင်လာခဲ့လေပြီ။ မိန်းမသားတို့၏ မိခင်စိတ်ကို အားကိုးလျက် သူမသည် ကလေးငယ်အား ချစ်မြတ်နိုးပြီး သဘောထားနူးညံ့လှသော မိခင်တစ်ဦး ဖြစ်လာစေရန် လမ်းစတို့ ပေါ်လာလေပြီ။ ဟူသမားတော်က အလိုက်သတိပင် သူမအား စမ်းသပ်ပေးပါ၏။ ပြီးနောက် ပြောဆိုရခက်ဟန်ဖြင့် တင်လျှောက်ပါလေသည်။

'မင်းကြီး မိဖုရားက အလွန်အမင်း စိတ်ထိခိုက်သွားပုံ ရပါတယ်၊ ဘယ်လိုဝေဒနာမှ ခံစားရလို့ မဟုတ်ပါဘူး'

အမုန်းသင့်ဧကရာဇ် (The Hated Emperor)Où les histoires vivent. Découvrez maintenant