အပိုင်း-၅

2.4K 172 4
                                    

အမုန်းသင့် ဧကရာဇ် (အပိုင်း-၅)

@@@@@@@@@@@@@@

'ငါကိုယ်တိုင် သတ်မယ်'

~ရှောင်နန်က ငါ့ကိုသတ်မှာလား ဘာလို့ ရှောင်နန်ကလဲ~ မဟုတ်ဘူး တခြားသူကြောင့် သေရတယ် ဆိုရင် ခံသာသေးတယ် ရှောင်နန်ကြောင်မို့တော့ မသေချင်ဘူးလေ မသတ်ပါနဲ့ ငါ့ကိုမသတ်ပါနဲ့ ရှောင်နန် မင်းကိုယ်တိုင်တော့ ငါ့ကိုမသတ်ပါနဲ့~

ရှောင်ချီထံမှ မယုံနိုင်သလိုအကြည့်တွေကြောင့် ဓားမြောင်ကိုင်ထားသည့် လက်တွေ တုန်ရင်လာမိသည်။

~ငါ့ကိုအဲ့လိုမကြည့်ပါနဲ့ ငါ့ကိုအဲ့လိုအကြည့်တွေနဲ့ မကြည့်ပါနဲ့ ရှောင်ချီ~

ရှောင်နန် စိတ်အတွင်းမှ တိုးတိတ်စွာတောင်းပန်နေမိသော်လည်း ဓားကိုင်လက်နှင့် ခြေလှမ်းတို့က တဖြည်းဖြည်း အရှေ့သို့သာ တိုးကပ် နေမိသည်။ ရှောင်ချီ၏ အနားသို့ ရောက်သွားတော့ ရှောင်ချီက သူမအား တီးတိုးလေသံလေးဖြင့်

'ငါ့ကို မသတ်ပါနဲ့'

လက်အတွင်းမှ ဓားမြောင်ကို မပြုတ်ကျသွားအောင် မနည်းထိန်းလိုက်ရပြီး ပို၍နီးသွားအောင် တိုးကပ်လိုက်ကာ ရှောင်ချီ တစ်ဦးသာ ကြားနိုင်သော လေသံဖြင့်

'တောင်းပန်ပါတယ် ဒါပေမယ့် မင်းသေချာပေါက် အသက်ရှင်ရမယ်'

ရှောင်နန် မျက်လုံးတွေကို စုံမှိတ်လိုက်ကာ လက်အတွင်းမှ ဓားသွားကို ဘယ်လက်ဖြင့် ဆုပ်ကိုင် လိုက်ပြီးမှ

'မင်းသေချာပေါက် အသက်ရှင်ရမယ်နော်'

'ဇွတ်!!'

'အ!!'

ရင်ဘတ်အတွင်းသို့ တိုးဝင်လာသော ဓားသွားကို ငုံ့ကြည့်ကာ သွေးတွေ ထွက်လာတာကို သေချာ ကြည့်နေမိရာမှ ရှောင်ချီ ခေါင်းငိုက် ကျသွားတော့၏။ ပျောင်းမင်းကြီးက သေဆုံးမှု ရှိမရှိကို စစ်ဆေးရန် အချက်ပြလိုက်ရာ တတိယမိဖုရားကပါ လုံအထိန်းတော်အား မျက်ရိပ်မျက်ခြေ ပြလိုက်သည်။ ထို့ကြောင့် လုံအထိန်းတော်မှ ကြိုးချည်ထားသော လူနှစ်ဦးကို စမ်းသပ်ပြီးလျှင်

'မင်းကြီး သူတို့ နှစ်ယောက်လုံးသေဆုံးသွားပါပြီ'

'ကောင်းတယ် သူတို့ကိုလျန်စစ် ရေတံခွန်ကနေ ပစ်လိုက်ပြီးတော့ ဘယ်သူမှ မသိပါစေနဲ့'

အမုန်းသင့်ဧကရာဇ် (The Hated Emperor)Tempat cerita menjadi hidup. Temukan sekarang