အပိုင်း-၂၀

1.5K 88 0
                                    

အမုန်းသင့် ဧကရာဇ် (အပိုင်း-၂၀)

@@@@@@@@@@@@@@

'ဝုန်း!! ဖျောင်း!!'

ထိုလှည်းလက်ရန်းက ဝုန်းခနဲ ကျိုးကျသွားတော့ သူမရင်ထဲက သူ့အပေါ် ထိခိုက်စေလိုသော ဆန္ဒကို သိလိုက်ရသည်။

~~ငါသာဆို ဒဏ်ရာအကြီးကြီး ရသွားမှာပဲ၊ ဒီပုံစံအတိုင်း ရှောင်နေရင် ငါတော့ သေဖို့ပဲ ရှိတော့တယ်၊ ငါပြန်တိုက်ခိုက်မှပဲ ရမှာ၊ ဝိုင်းကြည့်နေတဲ့သူတွေ ကြားထဲမှာ ငါ သူ့ကို အရှုံးပေးလို့လည်း မဖြစ်ဘူး၊ နိုင်သွားပြန်ရင်လည်း သူက ငါ့ကို နောက်ထပ် အငြိုးထားတော့မှာ၊ အခုမှ ငါ့ဘဝရဲ့ အကျဉ်းအကျပ်ထဲ ရောက်သွားတာပဲ၊~~

သူမက သူ့အား ခြေဖြင့် လှမ်းခတ်သည်။ သူ ကျင်လည်စွာ ရှောင်ပစ်လိုက်တော့ သူ့ပုခုံးကို လက်ချောင်းများဖြင့် ကုတ်ဆွဲလာသည်။ ခြေသိုင်း လက်သိုင်းက လျင်မြန်ပြီး တိကျနေသဖြင့် သူ ရှောင်ရုံသာ ရှောင်နေလျှင် ထိခိုက်တော့မှာ သေချာနေပြီ။

'အားရှန် ငါတို့ ထိခိုက်လောက်တဲ့ ရန်ငြိုး ရှိနေတာလည်း မဟုတ်'

ဒီတစ်ကြိမ်လည်း သူ့စကား မဆုံးခင် အားရှန်က သူ့ကို ကြာပွတ်ဖြင့် ရစ်ပတ်လာ၏။ သူမ၏ ကြာပွတ်သည် ဘယ်လို သားရေအမျိုးအစားနဲ့ ပြုလုပ်ထားမှန်း မသိပဲ သူ လက်ဖြင့် လှမ်းမဆွဲရဲပဲ ရွှေဓားဖြင့် ခံပေးလိုက်ရသည်။

'ထျန်း ချွမ်း ချွမ်း'

'ဖလပ် ဖလပ်'

ရွှေဓားတွင် ပွတ်ဆွဲ သွားသော ကြာပွတ်က မီးတွေ ပွင့်ထွက်လာသည်။ တော်သေးသည်။ သူ လက်ဖြင့်သာ လှမ်းဆွဲ လိုက်လျှင် သူမ၏ ကြာပွတ်ကြောင့် သူ့လက်တွေ ပြတ်ထွက် သွားနိုင်သည်။ သူမက ရွှေဓား လက်ကိုင်ကို ကြာပွတ်ဖြင့် ခတ်ထုတ် လိုက်ပြီး ဖမ်းလိုက်တော့ သူ ဘယ်လိုမှ မနေနိုင်ပဲ ဓားကို အပေါ်သို့ ကိုယ်ဖော့ကာ လှမ်းဖမ်းလိုက်ရသည်။ ဓားလည်း ထုတ်ပြီး သွားပြီ သူမကလည်း အဆက်မပြတ် တိုက်ခိုက်နေတာကြောင့် သူမတိုက်ခိုက်လာသော ကြာပွတ်ရိုက်ချက်တွေကို ရွှေဓားဖြင့် ခံဆောင်ပြီး ပြန်လည် တိုက်ခိုက်ရသည်။

'ကောင်းပြီ ဒီတစ်ကြိမ်တော့ ငါတို့ ပညာကုန် တိုက်ရသေးတာပေါ့'

အမုန်းသင့်ဧကရာဇ် (The Hated Emperor)Where stories live. Discover now