အမုန်းသင့် ဧကရာဇ် (အပိုင်း-၄၅)
@@@@@@@@@@@@@@@
'မင်းကြီး.. ပျောင်းကနေ လူလာပါတယ်..'
မင်းကြီး၏ ပြုံးနေသော မျက်နှာက ပျက်ယွင်းသွားပြီး.. အေးစက်သွားကာ..
'ပြော..'
ကျာအန်း.. အနောက်သို့ ဆုတ်ပေးလိုက်ကာ.. ပျောင်း၏ စာပို့သည့်လူ လက်အတွင်းမှ စာလွှာအား မင်းကြီးထံသို့ ဆက်သလိုက်သည်။ ထို့နောက် မင်းကြီးက.. စာလွှာကို ဖတ်ကြည့်ကာ.. ပိုပြီး အေးစက်သော အပြုံးကို ဖန်တီးလိုက်ပြီး..
'ကျာအန်း.. ငါကိုယ်တော် နောက်ထပ် မိဖုရားတစ်ပါးကို လက်ဆက်ရတော့မယ်..'
ကျာအန်းက သိပ်ပြီး နားမလည်သော ဟန်ပန်ဖြင့် ဖြစ်နေသော်လည်း.. သူ နန်းဆောင်အတွင်းမှ ထွက်လာပြီး.. ဝိန့်ရီ၏ နန်းဆောင်သို့ ဦးတည်လိုက်သည်။
သူရောက်သွားတော့ ဝိန့်ရီက ဝမ်းသာအားရ ကြိုဆိုသော်လည်း.. ဒီနေ့တွင် သူက မိဖုရားထံသို့ ရောက်လာခြင်း မဟုတ်ပဲ အနောက်နန်းဆောင်၏ အုပ်ချုပ်သူအနေဖြင့် ရောက်လာခြင်းမို့.. ဝိန့်ရီပုခုံးလေးကို ကိုင်လိုက်ကာ.. ထိုင်ခုံတွင် ထိုင်ခိုင်းလိုက်သည်။
'ဝိန့်ရီ.. ငါကိုယ်တော် မင်းနဲ့ တိုင်ပင်ချင်တာ ရှိတယ်..'
မင်းကြီးက မိဖုရားတွေကို အရေးအရာတွေ တိုင်ပင်တတ်သူ မဟုတ်သဖြင့် ဝိန့်ရီ ခန္ဓာကိုယ်လေး မတ်ခနဲပင် ဖြစ်သွား၏။ မင်းကြီးက ဝိန့်ရီအား ထိုင်စေပြီးမှ သူက အနားမှ.. အပျိုတော်များကို.. လက်ဖြင့် ဝှေ့ယမ်းကာ အပြင်သို့ ထွက်စေ၏။ အပျိုတော်တွေ ထွက်သွားပြီ ဆိုမှ.. ဝိန့်ရီအား..
'ဝိန့်ရီ ငါကိုယ်တော် နောက်ထပ် မိဖုရားတစ်ပါးကို ထပ်ပြီး တင်မြောက်လိုတယ်..'
ဝိန့်ရီ ထိုင်နေရင်းမှ ခေါင်းတွေ မူးဝေလာသလို ခံစားလိုက်ရသည်။ မင်းကြီးသည် ဝိန့်ရီအား.. နန်းတက်ရန် အတွက် အင်အားအဖြစ်.. လက်ထပ်ကာ ရယူခဲ့သည်။ သို့သော် လိုလေသေးမရှိ ထားထားသည်တော့ မှန်၏။ သို့သော် လိုချင်၍ လက်ဆက်ခဲ့သည်တော့ မဟုတ်ခဲ့ပေ။
နောက်တော့ ဇန်းသာချီ မိဖုရားကိုကား.. မင်းကြီးက မယ်တော်ကြီး အလိုကျ လက်ဆက်ခဲ့သည်။ နောက်ထပ်.. ခဲ့သျောင်မိဖုရားကိုကား.. မင်းကြီးသည် မိဖုရားမဖြစ်လာရန် နည်းအမျိုးမျိုးနှင့် ကာဆီးခဲ့ပြီးမှ.. လက်ထပ်ယူခဲ့ခြင်း ဖြစ်၏။
YOU ARE READING
အမုန်းသင့်ဧကရာဇ် (The Hated Emperor)
General Fictionရေးသားသူ- စွဲညို့ Genr- Romance, Drama, Historical. ဧကရာဇ်တစ်ပါး၏ အရာအားလုံးကို ပိုင်ဆိုင်ရယူခြင်းနှင့်၊ ချစ်ရသူကို ဆုံးရှုံးခဲ့သော ဇာတ်လမ်းတစ်ပုဒ် Zawgyi+Uni