အမုန်းသင့် ဧကရာဇ် (အပိုင်း-၆၄)
@@@@@@@@@@@@@@@
~~ဘယ်တူမှာလဲ၊ သူမက ဘယ်လို မိန်းကလေးနဲ့မှ မတူနိုင်တာကို၊ အချစ်ရဆုံးမိန်းကလေး၊ အဲ့တာကြောင့် မုန်းနေမယ် ဆိုတာ သိသိနဲ့ သူမနဲ့ ပြေလည်ချင်မိတာ၊ အနည်းငယ်လောက်လေး ပြေလည်ရမယ် ဆိုရင်တောင် တစ်ခုခုနဲ့ လဲပစ်ချင်မိတာ၊ မဖြစ်နိုင်ဘူး ဆိုတာသိသိနဲ့တောင်မှ ကြိုးစားခွင့်လေး အနည်းအကျဉ်း လိုချင်မိတာ၊ တခြားမိန်းကလေးတွေနဲ့ ဘယ်လို တူမှာလဲ~~
@@@@@@@@@@
'အဆင်သင့် ဖြစ်ပြီလား'
မေးသံ ခပ်တိုးတိုးနှင့်အတူ ကျောင်းမင်းကြီး တောလိုက်ရန် တောခြောက်ပေးမည့် အဖွဲ့အတွင်းသို့ လူတချို့ ဝင်သွားရန် အချက်ပြလိုက်သည်။
'လီဝမ် စစ်သူကြီး ဒီအမိန့်က အမှန်တကယ် မင်းသမီး မိန့်ကြားခဲ့တာလား'
လီဝမ်၏ လက်ထောက်စစ်သူကြီးမှ မေးလာတော့ လီဝမ် ဘာမှမဖြေပဲနှင့် ငြိမ်သက်စွာ နေလိုက်သည်။ ထိုတော့မှ
'မင်းသမီးက တခြားလုပ်သားတွေကို လုပ်ခိုင်းနေတာ ငါတို့မပါဘူး ဆိုမှတော့ ဒီကိစ္စက အဆင်ပြေပါ့မလား'
'မင်းသမီးက ငါတို့ ပါဝင်ပတ်သတ်နေတယ် ဆိုတဲ့ အကြောင်းကို မသိခိုင်းစေချင်ဘူး အဲ့တာက ဘာလဲ ဆိုရင် ငါတို့ အစီအစဉ် ကျရှုံးသွားရင်တောင် ပျောင်းပြည်နယ်ကို ထိခိုက်ဖို့ မရှိအောင်လို့'
'လတ်စသတ်တော့ ဒီလိုကိုး၊ မင်းသမီးက ထက်မြက်တယ်'
မင်းသမီးအား ချီးကျူးပြောဆိုနေမှုအား မကြားယောင် ပြလိုက်ပြီးမှ လီဝမ်က ပျောင်းနယ်အတွင်းဝယ် ကျန်နေခဲ့သော မင်းသားငယ်အကြောင်းကို မေးသည်။
'မင်းသား ဘယ်လိုနေသေးလဲ အစားတော့ စားတယ် မဟုတ်လား နန်းဆောင်အတွင်းကနေရော ထွက်လာသေးလား'
'လီဝမ် စစ်သူကြီး မင်းသားငယ်က နန်းဆောင်ထဲကနေလည်း ထွက်ပါတယ် ပြီးတော့ အစားလည်း သေချာစားပေမယ့် စစ်သူကြီးနဲ့ တွေ့ဖို့ကိုတော့ ငြင်းဆန်နေပါသေးတယ်'
'တခြားထူးခြားတာ တစ်ခုခု လုပ်သေးလား'
'ကြည့်ရတာ အပြင်ပိုင်းကနေ ဓားသမားတချို့ကို ရှာဖွေနေတယ်လို့ ကြားပါတယ်၊ ကြည့်ရတာ မင်းသားငယ်က ဒေါသတွေကို အဆင်ခြင်မရှိပဲနဲ့ ကျောင်းနန်းတော်ကို စေလွှတ်လိုက်မှာ စိုးမိပါတယ်'
KAMU SEDANG MEMBACA
အမုန်းသင့်ဧကရာဇ် (The Hated Emperor)
Fiksi Umumရေးသားသူ- စွဲညို့ Genr- Romance, Drama, Historical. ဧကရာဇ်တစ်ပါး၏ အရာအားလုံးကို ပိုင်ဆိုင်ရယူခြင်းနှင့်၊ ချစ်ရသူကို ဆုံးရှုံးခဲ့သော ဇာတ်လမ်းတစ်ပုဒ် Zawgyi+Uni