အမုန်းသင့် ဧကရာဇ် (အပိုင်း-၉)
@@@@@@@@@@@@@@
~ရှောင်နန်.. မင်းအခုချိန်မှာ သူများတွေကို နောက်ပြောင်နေမလား.. ဒါမှမဟုတ်.. နန်းတော်ထဲကနေ ခိုးထွက်ဖို့ ကြိုးစားနေမှာလား.. နောက်ဆိုရင် မင်း အဲ့ဒီ ပျောင်းနန်းတော်ကနေ ခိုးထွက်ဖို့ မလိုပဲ.. ဝင်ဝင် ထွက်ထွက် မင်းကို ဘယ်သူမှ တားလို့ မရအောင် ငါစီမံပေးမယ်..~
@@@@@@@@@@
မိုးသောက်သည်နှင့် သူတို့ မြင်းတွေ ပြင်ကာ မြောင်ဒေသ ဘက်သို့ နယ်ခြားသုံးမှ တပ်သားတွေ မသိအောင် ကူးဖို့ ပြင်ရသည်။ မြောင်ဒေသသို့ ကူးရန် ရေခဲမြစ် တစ်ခုအား ကျော်ဖြတ်ရမည် ဖြစ်သဖြင့် ပြင်ဆင်စရာ ရှိတာတွေကို စီစဉ်ရသေး၏။
'စစ်သေနာပတိ ဝူရှန်းကို ကျွန်တော် ရန်ချီ ဂါရဝပြုပါတယ်..'
သေနာပတိ ဝူရှန်းက သူ့အား လက်သာ တစ်ချက် ကာပြလိုက်ပြီး ရေးလက်စကို ဆက်ရေးနေ၏။ ရန်ချီ ဆက်၍ ထိုင်နေဆဲမှာပင် စစ်သားတစ်ဦးမှ အလောသုံးဆယ် ပြေးဝင်လာပြီး..
'စစ်သူကြီး ဝူအာ မိန်းကလေး မြင်းတစ်ကောင် ဓားတစ်ချောင်းနဲ့ အိမ်တော်က ထွက်လာတာ နှစ်ရက် ရှိပြီလို့.. အိမ်တော်က သတင်းရပါတယ်..'
'ဘာ!!.. ဒီမိန်းမဆိုးလေး ဘယ်လိုများ လုပ်ရဲတာလဲ..'
'အဲ့တာ..'
'ဘာကို အဲ့တာလဲ.. သွား.. သူ့ကို အကြိုလွတ်ဖို့ သွားပြင် စစ်စခန်းကို ကလေးကစားစရာ မှတ်နေလား မသိဘူး.. ဖမ်းမိတာနဲ့ သူ့ကို အချုပ်ထဲမှာ သုံးရက် ထားလိုက် ကြားလား..'
'အမိန့်အတိုင်းပါ..'
'သေနာပတိ..'
ရန်ချီ ခေါ်လိုက်တော့.. ဝူရှန်းက လှည့်ကြည့်လာပြီး..
'မင်း.. မြောင်ဒေသ ဘက်ကို အရင်ဆုံး သွားခဲ့ပါ.. ပြီးရင်.. သူတို့ သဘောထားကို လေ့လာခဲ့..'
'ဒါပေမယ့် ဒါက သံတမန်တွေ လုပ်ရမယ့် တာဝန်ပါ ကျွန်တော့်လို ရှေ့ပြေးတပ်သား ငယ်လေးကို.. ဘယ်သူက ယုံကြည်မှာလဲ..'
'အဲ့တာက မင်းလုပ်ဆောင်ရမယ့် အပိုင်းပဲ သွားတော့ သွား!!..'
ရန်ချီ အနည်းငယ် စိတ်အနှောင့် အယှက် ဖြစ်ကာ ထိုတဲထဲမှ ထွက်လာခဲ့ရသည်။ သို့သော် သူ တဲအပြင်ဘက်သို့ ရောက်တော့.. ယောင်းလုက သူ့အား စောင့်ကြိုနေပြီး မြင်းတစ်ကောင်ကိုပါ အဆင်သင့် ပြင်ထားသည်။ သူ မြင်းပေါ်သို့ တက်လိုက်ပြီး မြောင်ဒေသဘက်သို့ ဦးတည်လျက် ပြေးလွှားလိုက်တော့သည်။
ESTÁS LEYENDO
အမုန်းသင့်ဧကရာဇ် (The Hated Emperor)
Ficción Generalရေးသားသူ- စွဲညို့ Genr- Romance, Drama, Historical. ဧကရာဇ်တစ်ပါး၏ အရာအားလုံးကို ပိုင်ဆိုင်ရယူခြင်းနှင့်၊ ချစ်ရသူကို ဆုံးရှုံးခဲ့သော ဇာတ်လမ်းတစ်ပုဒ် Zawgyi+Uni