အမုန်းသင့် ဧကရာဇ် (အပိုင်း-၃၈)
@@@@@@@@@@@@@@@
သူ ဘာဆက် ပြောရမလဲ မသိ ဖြစ်နေစဉ် ကလေးက တအဲ့အဲ့နှင့် ထငိုတော့ သူမက ကလေးငယ်အား ကျင်လည်စွာပင် ပွေ့ချီလိုက်ပြီး..
'အို.. အို.. အို.. ကျွတ် ကျွတ် ကျွတ်..'
ထိုမြင်ကွင်းက သူ့စိတ်တွေကို များစွာ.. နူးညံ့သွားစေလေသည်။ တဲအတွင်းဝယ် ကလေးကို ပွေ့ကာ ချော့နေသော သူမနှင့် ထိုင်နေသော သူက သိပ်ပြီး ကြည်နူးဖို့ ကောင်းသည်ဟု ထင်မြင်မိစေသည်။ ထို့ကြောင့်..
'ရှောင်နန်.. ငါ မင်းကို ဘယ်သူ့လက်ထဲမှ ပြန်မပေးနိုင်ဘူး ထင်တယ်..'
သူ ရေရွတ်လိုက်သော စကားကို သူမက နားမလည်သော ဟန်နှင့် ဖြစ်ကာ.. ထျောင်နိုင်ငံက မင်းကြီးငယ်လေးကတော့ သူမလက်အတွင်းဝယ် ငိုသံ တိတ်ဆိတ်ပြီး ပြူးကြောင်နေတော့၏။
ဒီညတွင် ဒီတဲထဲကနေ ထွက်သွားရမှာကို ရန်ချီ နှမြောတွန့်တိုနေမိသည်။ သူ ဒီတဲထဲကနေ မထွက်သွားလိုဘူး..၊ ဒါပေမယ့် ဒီည သူ ဒီတဲကနေ မထွက်သွားရင် မနက်ဖြန် မိုးသောက်သည်နှင့် သူမက သူ၏ ကိုယ်လုပ်တော် အငယ်အဖြစ် သတ်မှတ် ခံလိုက်ရမည်ကိုတော့ မလိုလားပေ။ သူမအား သူ့အတွက် သီးသန့် မိန်းကလေး အဖြစ်သာ ထားလိုသည်။
ထို့အတွက် ထိုင်နေရာမှ နှမြောသတစွာ ထရပ်လိုက်ပြီး..
'မနက်ဖြန် ကျရင် မင်းကို ချန်ကွမ်းက မင်းနားမှာ ရှိနေမှာ.. နေရာပြောင်းရမယ် ဆိုရင်.. ချန်ကွမ်း.. အနားမှာပဲနေ..'
သူမက သူ့အား နားမလည်သလို ဟန်ပန်လေးဖြင့်..
'မနက်ဖြန် ချန်ကွမ်းဆရာက စစ်တိုက် မသွားရဘူးလား..'
သူမအတွက် သူ အားကိုးရသော.. စစ်သူကြီး တစ်ဦးကို နောက်တန်းတွင် ချန်ထားခဲ့ခြင်း ဖြစ်သည် ဆိုတာကတော့.. အထူးတလည် ရှင်းပြဖို့ မကြိုးစားတော့ပဲ တဲအပြင်သို့ လှမ်းထွက်လိုက်ပြီး..
'သူလား.. သူက သိပ်နေမကောင်းလို့ မနက်ဖြန် နောက်တန်းမှာ ကျန်ခဲ့မှာ..'
'ရှင်က သူ့ထက် ပိုပြီး နေမကောင်းတာ ဒဏ်ရာကြီးနဲ့ကို ရှင်ကမှ နားသင့်တာ..'
BẠN ĐANG ĐỌC
အမုန်းသင့်ဧကရာဇ် (The Hated Emperor)
Tiểu Thuyết Chungရေးသားသူ- စွဲညို့ Genr- Romance, Drama, Historical. ဧကရာဇ်တစ်ပါး၏ အရာအားလုံးကို ပိုင်ဆိုင်ရယူခြင်းနှင့်၊ ချစ်ရသူကို ဆုံးရှုံးခဲ့သော ဇာတ်လမ်းတစ်ပုဒ် Zawgyi+Uni