အပိုင်း-၅၁

1.4K 94 0
                                    

 အမုန်းသင့် ဧကရာဇ် (အပိုင်း-၅၁)

@@@@@@@@@@@@@@@

'ကျွန်မ ပြောပြီးပြီ.. ကျွန်မ နန်းတော်ကလူတွေနဲ့ မပတ်သတ်ချင်ဘူး..'

'ရတယ်.. ငါ နန်းတော်ကနေ ထွက်လာပြီး မင်းနောက်ကို လိုက်လာမယ်..'

သူမ နှုတ်ခမ်းလေးတွေ ပွင့်ဟသွား၏။ သူ့အနေနဲ့လည်း သူမ ငြင်းပစ်လိုက်မှာကို စိုးရိမ်နေသည်။

'ကောင်းပြီ.. ငါတို့ ဒီနေရာကနေ ထွက်သွားကြမယ်..'

@@@@@@@@@@

ဒီနေ့ မြောင်ကို သွားမယ့်နေ့..၊ တကယ်ဆို မင်းနဲ့ မိဖုရား နန်းတော်ကနေ ထွက်ခွာချိန်က တူညီရမှာ ဖြစ်သော်လည်း.. မြောင်သို့ သွားသည့် လမ်းတွင်ရှိသော အမဲလိုက်ကွင်းသို့ တစ်ပတ်မျှ ဝင်မည်မို့.. ဝိန့်ရီအား နောက်တစ်ပတ်မှ လိုက်လာဖို့ မှာကြားထားသည်။

ကျောင်းရန်ချီ..၊ ကျောင်းမင်းကြီး..၊ ဒါမှမဟုတ်ရင် သုံးနိုင်ငံ ဧကရာဇ်မင်း.. ဖြစ်တဲ့ သူက နန်းတော်က အပျိုတော်လေး နန်းတော်ပြင် ထွက်မှာကို စောင့်မကြည့်ရဲတဲ့ သတ္တိကြောင်သူ တစ်ဦးမျှသာ ဖြစ်သည်။ ဝိန့်ရီကတော့ သဘောထားကြီးလွန်းပြီး သူ့အပေါ်မှာ အနစ်နာခံနိုင်သော မိန်းမသား..၊ ယခုလည်း ဝိန့်ရီက သူ့ကို လိုက်ပို့ပေးရန် အနားတွင် မိဖုရားကြီး အဆင်တန်ဆာ အပြည့်ကို ဝတ်ဆင်ထား၏။ အနားတွင် သမီးတော် မြောင်ခိုင်ရှင့်က ရှိနေသည်။

'မင်းကြီး အစစ အရာရာ သတိထားပါနော်..'

'ဝိန့်ရီ.. မင်းလည်း လိုက်လာခဲ့ရမယ့် လမ်းမှာ အစစအရာရာ အထိခိုက် မရှိပါစေနဲ့..'

'မင်းကြီး ဆန္ဒအတိုင်းပါ..'

မြင်းလှည်းပေါ်သို့ စတက်တော့မည့် အချိန်တွင်မှ ရန်ချီ ခြေလှမ်းတွေ ရပ်မိပြန်သည်။ တစ်ကြိမ်လောက်တော့ သူမ မျက်နှာကို တွေ့သွားဖို့ သင့်သည်ဟု ထင်မိသည်။ ဒါပေမယ့် သူ အဲ့လို တစ်ကြိမ်လောက် တွေ့လိုက်ချိန်မှာ.. သူ လက်လွတ်နိုင်ဖို့ မသေချာတာကို စိတ်က သိနှင့်နေပြီးသားမို့.. မြင်းလှည်း လှေကားပေါ်သို့ ခြေတစ်လှမ်း တက်လိုက်သည်။

'မင်းကြီး.. သူမကို မင်းကြီး မြင်နိုင်တဲ့ နေရာထိ ဝိန့်ရီ ခေါ်ပေးရမလား..'

အမုန်းသင့်ဧကရာဇ် (The Hated Emperor)Onde histórias criam vida. Descubra agora