အပိုင်း-၃၄

1.2K 92 0
                                    

 အမုန်းသင့် ဧကရာဇ် (အပိုင်း-၃၄)

@@@@@@@@@@@@@@@

မြစ်ကို ဓားဖျားဖြင့် ပိုပြီး ထင်ရှားအောင် ရေးဆွဲလိုက်ပြီး.. ဓားကို ပြန်သိမ်းလိုက်ကာ.. မြင်းပေါ်သို့ တက်လိုက်၏။ ပြီးမှ..

'ဒီနေ့တော့ ထျောင်တွေ တစ်လလောက် လုပ်ခဲ့သလိုမျိုး.. ကျောင်းရဲ့ အင်အားကို ပြကြတာပေါ့.. ညနေကျမှ စစ်သူကြီးတွေ ငါကိုယ်တော်နဲ့ စစ်ရေးဗျူဟာ ဆွေးနွေးဖို့ ဆန္ဒ ရှိရင် တဲထဲ ဝင်လာခဲ့ပါ.. ထွက်မယ်..'

မင်းကြီးက ထွက်မယ် ဆိုတော့လည်း.. ယောင်းလု ကမန်းကတမ်း မြင်းပေါ်သို့ တက်လိုက်ရတော့သည်။

@@@@@@@@@@@@@

လက်ကောက်လေး ပြန်ရလာလို့ တော်သေးတယ်..၊ ရှောင်နန် နန်းတော်မှ နန်းတော်သူ နန်းတော်သားတွေ ဆီ ပြန်ရောက်တော့ မိုးစင်စင်လင်းလေပြီ။ သို့သော် ထိုင်စောင့်နေကြသောသူများကြောင့် ရှောင်နန် အံ့အားသင့်သွားမိသည်။ အပါးတော်မြဲကြီးက.. အနားသို့ လာခဲ့ပြီး..

'ငါက မင်းတစ်ခုခု ဖြစ်သွားပြီ ထင်နေတာ တောတိုးတာ ဒီလောက်ကြာဖို့ မလိုဘူး' (တောတိုးတာ ဆိုတာကို သိကြမယ် ထင်ပါတယ်)

'တောင်းပန်ပါတယ်..'

ရှောင်နန် တောင်းပန်လိုက်သော်လည်း.. အပါးတော်မြဲကြီးက စိတ်ဆိုးနေသေးဟန်ဖြင့်..

'သွားမယ်.. သွားမယ်.. နန်းတော်ကို မြန်မြန် ပြန်ရောက်ဖို့ လိုတယ်..'

သွားမယ် ဆိုတော့မှ ထကြ သွားကြဖြင့် ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်ကုန်၏။ ရှောင်နန် တခြားအပျိုတော်ဘေးတွင် ခပ်မြန်မြန် နေရာယူလိုက်ပြီးမှ.. ရှေ့ဆက်သွားသော လမ်းကြောင်းပေါ်တွင် နေရာယူလိုက်သည်။ စထွက်ပြီ ဆိုတာနှင့် ခပ်မြန်မြန်ပဲ ခြေလှမ်းတွေက လှုပ်ရှားလိုက်ကြ၏။

မင်းနေပြည်တော်သို့ ရောက်ဖို့ အတွက် ဝေးကွာ လွန်းသော်လည်း.. ကျာအန်း ဒီမိန်းကလေး သွားသည်နှင့် စောင့်ဆိုင်းနေလိုက်တာက ဒီမိန်းကလေးကြောင့်သာ တခြားသော နန်းတော်မှ လူတွေကို မင်းကြီးက ဆုတ်ခွာဖို့ ခွင့်ပြုလိုက်ခြင်း ကြောင့်ပင် ဖြစ်၏။ အကယ်၍သာ ဒီမိန်းကလေး စစ်စခန်းတွင် ကျန်ခဲ့ပါက မင်းကြီး သူ့ကို သေချာပေါက် အပြစ်ပေးမည် ဆိုတာကို သိနေ၏။

အမုန်းသင့်ဧကရာဇ် (The Hated Emperor)Where stories live. Discover now