အမုန်းသင့် ဧကရာဇ် (အပိုင်း-၆၈)
@@@@@@@@@@@@@@@
သူမအပေါ်တွင် ဆိုးဝါးသော အကျိုးဆက် မကျရောက်စေရန် မှာမူ လက်ရှိ စားတော်ပွဲအား စားသုံးရန်သာ ရန်ချီ တတ်နိုင်ပေတော့သည်။ ကံကောင်းစွာဖြင့် သူမ အသုံးပြုထားသည့် အဆိပ်၏ အကျိုးဆက်သည် အချိန်ကြာကြာမှ ပေါ်လာနိုင်သော အဆိပ်သာ ဖြစ်ပါစေတော့။ မဟုတ်လျှင် မြောင်ခွမ့်အရှေ့၌ အဆိပ်လက္ခဏာပြသခြင်းက ကောင်းမွန်သော အကျိုးဆက်ကို ဖြစ်ပေါ်စေမည် မဟုတ်ပေ။
ဖြည်းညင်းလှစွာသော လက်အစုံဖြင့် ဣနြေ္ဒကြီးစွာ တူကို လှမ်းကိုင်လိုက်ပြီးမှ ရန်ချီ စားပွဲမှ ဟင်းတစ်မျိုးကို ယူမည့်ဟန် ပြင်လိုက်စဉ်မှာပင် ဝိန့်ရီက ချင်းရှင်းအား လက်ဖြင့်ပါ တစ်ဆက်တည်း ပြလျက် စကားဆိုလာလေ၏။
'အစ်ကိုတော် မင်းဟာလေ ငယ်စဉ်တုန်းကအတိုင်းပဲ သူများကိုဆို စနောက်တတ်သေးတယ်၊ ဒီရိုးရာက အစဉ်လာအရ ထိန်းသိမ်းထားတာမျိုး မဟုတ်ပေမယ့် ကျောင်းနန်းတော်တွင်းက ချစ်စဖွယ်ဓလေ့ပဲ၊ ဝိန့်ရီ ဆိုရင် မယ်တော်ကြီးဆီကနေ စားတော်ပွဲ ခဏခဏ အလဲခံဘူးတယ်၊ ချင်းရှင်း မင်းကြီးဆီက စားတော်ပွဲကို ယူလာခဲ့ပါ၊ ဒီနေ့တော့ ငါကလည်း မင်းကြီးကို မျက်နှာသာပေးရတာပေါ့'
ချင်းရှင်းသည်က သခင်မ၏ အလိုတော်ကို အလိုက်သိနားလည်လွန်းသူ နန်းတော်၏တော်ဝင် အစေခံငယ် ပီသစွာပင် စားတော်ပွဲအား ချက်ချင်းပင် လှဲလှယ်လိုက်လေပါ၏။ ရန်ချီ ဝိန့်ရီအား တအံ့တသြဖြစ်မိသော်လည်း မျက်နှာတွင်တော့ မပေါ်စေပါပဲနှင့် လှမ်းကြည့်မိသည်။ ဝိန့်ရီက လှဲလှယ်၍ ရောက်လာသော စားတော်ပွဲအား တုန့်ဆိုင်းခြင်း အလျဉ်းမရှိပါပဲနှင့် တူဖြင့် နှိုက်ယူလျက်ဖြင့် ပါးစပ်အတွင်းသို့ ကျင်လည်စွာ ထည့်သွင်းလိုက်ပါလေ၏။ ပြီးမှ အပြုံးတချို့ဖြင့် ရန်ချီအား ကြည့်လာလေသည်။
'မင်းကြီးက မြောင်ဒေသက အစားအစာတွေနဲ့ မရင်းနှီးဘူးလေ၊ သူက စားဖို့ တုန့်ဆိုင်းနေမိမှာ သဘာဝကျပါတယ်၊ ကျွန်မကတော့ မြောင်ဒေသက စားစရာတွေကို သိပ်လွမ်းနေပြီ စားဖို့ကို မနှောင့်နှေးတော့ဘူးနော်'
YOU ARE READING
အမုန်းသင့်ဧကရာဇ် (The Hated Emperor)
General Fictionရေးသားသူ- စွဲညို့ Genr- Romance, Drama, Historical. ဧကရာဇ်တစ်ပါး၏ အရာအားလုံးကို ပိုင်ဆိုင်ရယူခြင်းနှင့်၊ ချစ်ရသူကို ဆုံးရှုံးခဲ့သော ဇာတ်လမ်းတစ်ပုဒ် Zawgyi+Uni