စာစဉ် ၁၈ ( ၉ + ၁၀ )
10K 902 5
Book.              :   18
Chapter.          :  9 + 10
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၈၊ အခန်း ၉။ အကျိုးအမြတ်ကြံပြီ
သားဖြစ်သူ၏ခြေထောက်နှင့်ပတ်သက်ပြီး ဒေါသတို့လောင်မြိုက် နေပါသည့် စီမင်းလီ၊ သူ့ရဲ့လူယုံ ပြောသည်ကို ကြားလိုက်သည်နှင့် ချက်ချင်းပင် အမူအရာပြောင်းသွားရတော့သည်။
သူ ချက်ချင်း မတ်တပ်ထရပ်လိုက်ကာ ပြောလာသည်ကား။
“မင်း ဘာပြောလိုက်တယ် ? စီရီဟန်က ရောဂါပြင်းပြင်းထန်ထန် ခံစားနေရတယ်ဟုတ်လား ? သူက ၆ လ တောင် မခံတော့ဘူး ?”
အိပ်ရာပေါ်တွင် ရှိနေသည့် စီရိကျဲ့သည်ပင် ကြိမ်းမောင်းနေခြင်းတို့ ရပ်တန့်သွားတော့ပြီး သူ့ရဲ့ခွန်အားတို့ကို အကုန်သုံးလို့ ခေါင်းကို လှည့်လာတော့သည်။
“ဘ-ဘာ ? စီရီဟန် မကြာခင် သေတောမှာလား ?
တကယ်ကြီးလား ? သတင်းမမှားတာ သေချာရဲ့လား ?”
စီမင်းလီ၊ လူယုံအား စိုက်ကြည့်လို့နေရင်း။ သူ့ရဲ့အမူအရာမှာ လေးနက်လာပြီး လေးလေးနက်နက်အသံဖြင့် မေးမြန်းလာသည်။
“စီရီဟန်က တစ်လျှောက်လုံးနေကောင်းနေတာပဲ မဟုတ်ဘူးလား - ရုတ်တရက်ကြီး ဘယ်လိုလုပ်ပြီးတော့ သေတော့မလို ဖြစ်သွားရတာလဲ။ မင်းရဲ့သတင်းက မှန်တယ်ဆိုတာ သေချာရဲ့လား”
လူယုံ၏လေသံသည်ကား သေချာလို့နေလျက်။
“သခင်ကြီး၊ ဒါက အရမ်းကိုအရေးပါတဲ့သတင်းပါ။ အထပ်ထပ်အခါခါ မစစ်ဆေးကြည့်ဘဲနဲ့ ကျွန်တော် သတင်းပို့ရဲပါ့မလား။ ဒေါက်တာ စုန့်ရဲ့ တပည့်ကို ပိုက်ဆံတွေအများကြီး ပေးထားပြီးတော့မှ ကျွန်တော် ဒီသတင်းကို ရလာခဲ့တာပါခင်ဗျာ။ ဒါက လုံးဝကို စစ်မှန်ပါတယ်”
“တကယ်တော့၊ ဒီနှစ်တွေမှာ ဒေါက်တာ စုန့် အိမ်တော်ကြီးကို ခနခနလာနေတယ်ဆိုတာက ကျန်းမာရေးစစ်ဆေးပေးရုံအတွက်တင် မဟုတ်ဘဲ စီရီဟန်မှာ ရောဂါကြီးကြီးမားမားကြီး ခံစားနေရလို့ ဒီတစ်ချိန်လုံးလုံး ဆေးကုသမှု ခံယူနေခဲ့တာပါ။ ပြီးတော့လည်း
သူ ဒီတစ်ခေါက် မေ့လဲကျသွားခဲ့တယ်ဆိုတာက တိုင်းပြည် B ကို ခရီးထွက်နေတဲ့အချိန်အတွင်းမှာ အလုပ်တွေပင်ပန်းလွန်းပြီး ဖြစ်တာမဟုတ်ပါဘူး - အဲဒါက သူ့ရဲ့နေမကောင်းဖြစ်နေတဲ့ဟာက ပိုပြီးတော့သည်းလာလို့ပါ”