Book. : 24
Chapter. : 15 + 16
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၂၄၊ အခန်း ၁၅။ ရုပ်ဆိုးနေရင် လုံးဝ ကိစ္စမရှိဘူး
သောက်ကျိုးနဲ…
အရင်တုန်းက အလုပ်ကိစ္စ နဲ့ ကျောင်းကို အကြောင်းပြခဲ့တာ။
ငါ အခု ဘာအကြောင်းပြရတော့မလဲ ?!
နှစ်ကြိမ်သုံးကြိမ်လောက် ဖုန်ုးမြည်ပြီးတော့မှ ရီဝမ်ဝမ်၊ တွန့်ဆုတ်တွန့်ဆုတ်နှင့် ဖုန်းကိုင်လိုက်တော့ပြီး ။
“ဟယ်လို၊ မေမေ…”
“၀မ်ဝမ်၊ သမီး ဒီနေ့ အလုပ်များနေလား ?”
ရီဝမ်ဝမ်၊ ချက်ချင်း မဖြေ။
ထိုအစား၊ လေးလေးနက်နက်အသံဖြင့် မေးလိုက်၏။
“မေမေ ၊ ကိစ္စတစ်ခုခု ရှိလို့လား ?”
လျန်ဝမ်ကျွင်း၊ ပြန်ဖြေလာ၏။
“မေမေ သမီးအတွက် ဆွယ်တာချုပ်ထားတယ်။
သမီး အားတဲ့နေ့ တစ်နေ့လောက် လာယူလိုက်ပါလား ?”
“အိုး၊ နောက်နှစ်ရက်လောက်ဆို ဖြစ်လောက်တယ်။
ပိတ်ရက်ထိ စောင့်ပေးလို့ရလား ?”
ရီဝမ်ဝမ်၊ မေးလိုက်၏။
“ရပါတယ် ! သမီးရဲ့ကောင်လေးကိုလည်း ခေါ်လာခဲ့လိုက်နော်” လျန်ဝမ်ကျွင်း၊ မရမက ပြောဆိုနေလေရာ ။
ရီဝမ်ဝမ် ။ “…”
ဘာပဲပြောပြော ငါတော့ သေပြီ….
ရီဝမ်ဝမ်၊ ချောင်းဟမ့်လိုက်ပြီး ။
“ဒီစနေတနင်္ဂနွေလား ? ဒီရက်တွေမှာ သူ အိုဗာတိုင်
ဆင်းနေရတယ်။ အချိန်မရလောက်ဘူး…”
“ဟုတ်ပါပြီ…” လျန်ဝမ်ကျွင်း၏အသံမှာ
အနည်းငယ် စိတ်ဓာတ်ကျသွားလေဟန် ။
ရီဝမ်ဝမ်သည် သူမအား အကြိမ်များစွာ ငြင်းပယ်နေသည်ချည်းမို့ တစ်ခုခုလွဲနေပြီမှန်း သူမ အာရုံရမိလေပြီ ။ ထို့ကြောင့်၊
တခနလောက် တိတ်ဆိတ်သွားပြီး ဂရုတစိုက် မေးလာ၏။
“၀မ်ဝမ်၊ သမီး မေမေ့ဆီကနေ ဘာမှ ဖုံးကွယ်ထားတာ မရှိပါဘူးနော် ?”
သူမ၏သမီးလေးသည် ချစ်သူကောင်လေးနှင့် အဆင်ပြေသည်ဟု သူမအား တောက်လျှောက်ပြောလာခဲ့၏။ သို့သော်၊ တစ်ဖက်တွင်လည်း၊ သူမသည် သူ့အား အိမ်ခေါ်မလာခင် သူတို့၏ဆက်ဆံရေးကို ပိုခိုင်မြဲလိုသည်ဟု ပြောထားခဲ့၏။ သူမသည် အကြိမ်တိုင်းမေးဖို့ ကြိုးစားလိုက်လေတိုင်း အမြဲတစေ ရှောင်ဖြေနေလေရာ ။
တစ်ခုခုတော့ မှားနေသည်မှန်း သံသယ ရှိဖို့ မခက်ပါချေ ။
YOU ARE READING
Romanceစာစဉ် ၁၈ မှ စဖတ်နိုင်သည် ။ စာစဉ် ၁၈ မှ စပြီး ဖတ်နိုင်ပါသည်။