စာစဉ် ၂၀ ( ၉ + ၁၀ )
10K 901 9
Book.              :   20
Chapter.          :  9 + 10
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၂၀၊ အခန်း ၉။ နောက်ဆုံးသောပုံ
စတုတ္ထမြောက်ပုံ ။
ဘယ်ဘက်တွင် နံနံပင်နှင့် ညာဘက်တွင်မူ မုန်ညင်းပင် ဖြစ်၏ ။
စီရီဟန်သည် နံနံပင်မကြိုက်ခြင်းကို ရီဝမ်ဝမ် အမှတ်ရမိလိုက်ရကား၊ သူမလေး ၊ နှောင့်နှေးနေခြင်းမရှိဘဲ ရွေးချယ်လိုက်တော့သည်ကား မုန်ညင်းပင် ။
မျှော်လင့်ထားခဲ့မိသည့်အတိုင်းပင် ၊
စီရီဟန် နောက်ထပ်တစ်ကြိမ် မှန်အောင် မှန်းခဲ့ပြန်သည်။
ငါတို့တွေ ဒီအတိုင်းသာ ဆက်သွားနေ၇င်
ဆုရဖို့မျှော်လင့်ချက် ရှိနေပြီ !
ပထမကတော့၊ လူတိုင်းသည် အပျော်အနေဖြင့် ကြည့်ရှုလို့နေကြခြင်း ဖြစ်၏။ သို့သော်၊ တဖြည်းဖြည်းချင်း သူတို့ စတင်စိတ်ဝင်တစား ရှိလာကြလေသည်။
ရီဝမ်ဝမ်နှင့်စီရီဟန်တို့သည် မေးခွန်းရှစ်ခုစလုံးကို မှန်ကန်အောင် ဖြေဆိုထားနိုင်ခဲ့လေပြီ မဟုတ်လော ။
ရီဝမ်ဝမ်၊ သူမကိုယ်တိုင်ပင်လျှင် အံ့သြနေမိလျက်၊
စီရီဟန်အား စိုက်ကြည့်လို့နေမိသည်။
“သောက်ကျိုးနဲ၊ စီရီဟန်၊ ရှင် စိတ်များဖတ်တတ်နေတာလား ?”
အစဦးက မှုန်မှိုင်းမှိုင်းအမူအရာနှင့် ရှိနေခဲ့သည့် စီရှားသည်ပင်လျှင်၊ သူတို့တွေ မေးခွန်းရှစ်ခုထိ မှန်လာကြသည်တွင်တော့ သူ့မျက်နှာ ပြောင်းလဲသွားတော့သည်။
“ဒီချစ်သူစုံတွဲကတော့ အရမ်းကို အံ့သြစရာကောင်းလွန်းလှပါတယ်ရှင်။ သူတို့တွေ မေးခွန်းရှစ်ခုကို မှန်အောင် ဖြေထားနိုင်ခဲ့ကြပြီ။ နောက်ထပ်တစ်ခုလောက် မှန်အောင်ဖြေနိုင်လိုက်တာနဲ့
သူတို့တွေ ပထမဆုကို ရတော့မှာပါ။ မေးခွန်းနှစ်ခုစလုံးကို မှန်အောင် ဖြေနိုင်မယ်ဆိုရင်တော့ သူတို့ ဆုအကြီးကြီးတစ်ခုကို ပိုက်ပြီးတော့ ပြန်ရတော့မှာပါ”
အိမ်ရှင်အမျိုးသမီးသည် စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလို့နေ၏။