စာစဉ် ၂၂ ( ၂၁ + ၂၂ )
8.6K 845 12
Book. : 22
Chapter. : 21 + 22
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၂၂၊ အခန်း ၂၁။ တပည့်အဖြစ် လက်ခံပေးပါ
ရီဝမ်ဝမ်၊ ပြောချင်နေသေးတုန်းပဲကို မြင်နေရကား၊ အီလဲဗင်း၊ မြန်မြန်ဆန်ဆန်ပင် ကွင်းအပြင်ဘက်က ကိုယ်ရံတော်တို့ဘက် လှည့်လိုက်ပြီး အမိန့်ပေးလိုက်တော့၏။
"မင်းတို့အားလုံး၊ ဒီကိုလာပြီး သခင်မလေး ၀မ်ဝမ် နဲ့ လာတိုက်ကြ"
"ဟမ် ?!"
ဗိုက်အောင့်မတတ် တ၀ါးဝါး ရယ်မောနေခဲ့ကြသည့် ထိုကိုယ်ရံတော်တို့၊ မျက်နှာပေါ်က အပြုံးတို့ တန့်သွားကြတော့ပြီ ။
သူတို့ ထပ်ရယ်မောနိုင်ခြင်းမရှိတော့ - ရီဝမ်ဝမ်သည် ဒီလိုထူးခြား ဆန်းကြယ်သည့် အရည်အချင်းမျိုး ရှိနေ၏။ အီလဲဗင်းပင် သူမကို နိုင်အောင်မတိုက်နိုင်ပုံကို သူတို့အားလုံး မျက်မြင်မြင်တွေ့ထားခဲ့ကြ သည် မဟုတ်ပေလော ။ သူတို့ တက်သွားကြပါက ရိုက်ပါဟု တောင်းဆိုသလို ဖြစ်မသွားပေဘူးလော ?
သို့သော်၊ အီလဲဗင်းသည် အမိန့်ထုတ်ထားပြီးပြီမို့ ဒီကိုယ်ရံတော်တွေ ငြင်းဆန်လို့မရကြတော့ပေ ။ သူတို့ကိုယ်သူတို့ သတ္တိမွေးကာသာ ကြိုးကွင်းထဲ လျှောက်သွားကြတော့လေပြီ ။
*ဖောင်း !*
*ဘုန်း !*
*အား !*
ကိုယ်ရံတော်တို့၏အော်ဟစ်ကြသံတွေ ထရိန်နင်ခန်းထဲ
ဆက်တိုက်ပင် ပျံ့လွင့်ကုန်တော့သည် ။
ခုနစ်မိနစ်ကြာသော်၊ ကိုယ်ရံတော်တွေမှာ ဒဏ်ရာအသီးသီး ရထားကြကာ အီလဲဗင်းလိုပင် မျက်နှာတို့ ရောင်ကိုင်းကုန်ကြလေပြီ ။ သူတို့၊ ရီဝမ်ဝမ် အား လေးစားအထင်ကြီးစွာဖြင့် ကြည့်လာကြတော့၏။
သူတို့ အဝေးကနေ လှမ်းကြည့်နေစဉ်တုန်းက ရီဝမ်ဝမ်သည် အင်အားကြီးလှသည်ကို သိနေမိကြပါသော်လည်း လက်တွေ့ရင်ဆိုင် လိုက်ရသည်တွင်ကား လုံးဝအတိ မတူခြားနားသည့် ခံစားချက်ကို ရသွားကြသည်ပင် ။
ဒီကိုယ်ရံတော်တွေကား သူတို့ကိုယ်သူတို့ ဆရာကြီးတွေဟု အကြွားသန်ခဲ့ကြပါ၏။ သို့သော်၊ ရီဝမ်ဝမ်၏အရှေ့တွင်ကား ပြောဖို့ပင်မထိုက်တန်ကြချေပြီတကား ။