စာစဉ် ၂၀ ( ၁၁ + ၁၂ )
9.4K 852 8
Book.              :   20
Chapter.          :  11 + 12
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၂၀၊ အခန်း ၁၁။ ထူးဆန်းတယ်
နေ့တစ်ဝက်ကျိုးအောင် ရီဝမ်ဝမ်၏လှောင်ပြောင်ခံရပြီးသည့်နောက်၊ စီရှား၊ သူမနှင့် ငြင်းခုံပြောဆိုခြင်းအား ရပ်လိုက်တော့လေသည်။ သူကား ဆက်ကာ တိတ်ဆိတ်လို့နေချေပြီး သူ၏ကိုယ်မှ ထူးဆန်းသည့်အငွေ့အသက်တို့ ထုတ်လွှတ်လို့နေ၏။
ကားမောင်းသမားသည် စီရှားအား ပထမဦးဆုံး လိုက်ပို့ပေးခြင်းပင် ။
ကားရပ်သွားသည်နှင့်၊ ရီဝမ်ဝမ်၊
ဂရန်းဆုစာအိတ်ထဲက ဒေါ်လာ ၁၀၀ ကို ထုတ်ယူလိုက်ပြီး။
“လာပါဦး ၊ တူအကြီးဆုံးလေး။ ဒါက မင်းအတွက် မုန့်ဖိုး”
စီရှား၊ ရီဝမ်ဝမ် ပေးလာသည့်ဒေါ်လာ ၁၀၀ ကို ကြည့်လိုက်မိရင်း၊ သူ၏နှုတ်ခမ်းတို့ တွန့်ကွေးသွားတော့သည်။
ဒါသည်ကား သေချာပေါက်ပင် ရန်စနေခြင်းပါတည်း။
သို့သော်လည်း၊ ဘယ်လိုပဲဖြစ်ဖြစ် သူ ယူလိုက်ချေ၏။
မှောင်ရီပျိုးပျအချိန်တွင်၊ စီရှား၊ ကားထဲမှ ထွက်လိုက်ကာ၊
စီရီဟန်အား အေးစက်စွာ ကြည့်လိုက်ပြီးသည့်နောက်
ရီဝမ်ဝမ်အား ကြည့်လိုက်ချေရင်း။
“အရူးမ !”
သူသည်ကား အကြောင်းပြချက်မရှိဘဲ သူမလေးအား ဆူနေသည်ဖြစ်လေရာ၊ ရီဝမ်ဝမ်၏မျက်နှာ ချက်ချင်းပင် မည်းပုတ်သွားတော့သည်။
ဒီမကောင်းဆိုးဝါးလေးက အရိုက်ခံချင်နေတာပဲ၊ ဟမ် !
ရီဝမ်ဝမ် ပြောလာသည်ကို စောင့်ဆိုင်းနေခြင်းမရှိတော့ဘဲ၊ စီရှား၊ လက်တစ်ဖက်ကို သူ့အိတ်ကပ်ထဲ ထည့်လို့ ချာကနဲလှည့်ကာ ညအမှောင်ထဲ ပျောက်ကွယ်သွားတော့သည်တည့်။
စီရှားကို ပို့ပြီးသည့်နောက်၊
မကြာခင် ကားသည် ကျင်းဥယျာဉ်ဆီ ရောက်ရှိလာခဲ့သည်။
သူတို့ ကျင်းဥယျာဉ်ကို ရောက်သည့်အချိန် အတော်လေး ညဥ့်နက်
နေချေပြီ။ ၇ီဝမ်ဝမ်၊ စီရီဟန်အား အချိန်မီ အိပ်ရာဝင်ဖို့ရာ တပူညံညံ ပြောဆိုလို့နေ၏။