စာစဉ် ၁၈ ( ၇ + ၈ )
11.3K 899 17
Book.              :   18
Chapter.          :  7 + 8
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၈၊ အခန်း ၇။ လုံးဝကို မခါးဘူး
ရီဝမ်ဝမ်၊ တံခါးဝတွင် ရပ်လို့နေ၏။ သူမ အချိန်အကြာကြီးကြာအောင် တုံ့ဆိုင်းတုံ့ဆိုင်း လုပ်နေမိချေသည်။ သို့သော်၊ ဆက်ပြီးအချိန်ကြန့်ကြာ နေမိလျှင် ဆေး၏အကျိုးသက်ရောက်နိုင်စွမ်းကို ထိရောက်မှု ရှိသွားမည်ကို စိုးရိမ်သွားမိတော့ကာ သူမလေး တံခါးကို တွန်းဖွင့်လို့ အထဲဝင်သွားတော့သည်တည့်။
ရီဝမ်ဝမ်၏အနောက်တွင်မူ၊
အိမ်စေနှစ်ယောက်သည် စိုးရိမ်စိတ်ပူခြင်းတို့ဖြင့် သူမနောက်တော်ပါးဆီကနေ ပုန်းလျိုးကွယ်လျိုး လိုက်လာကြချေသည်။
ပြီးတော့ ဤသည်မှာကား သူတို့၏တာဝန်ပင် မဟုတ်ပေလော။ သူတို့အနေဖြင့် ရီဝမ်ဝမ်အား ဆေးပို့ခိုင်းခြင်းသည်ကား မသင့်တော် သလို ခံစားမိကြသည်ပင်။ ဤသည်ကား သူတို့၏တာဝန်သည်လည်း ဖြစ်ချေသည် - သူတို့တွေ ဘယ်လိုလုပ်ပြီး ရီဝမ်ဝမ်အပေါ်ကို တာဝန်လွှဲချထားနိုင်ပါမည်နည်း။
သခင်မလေး ရီဝမ်ဝမ်သာ ဆေးပို့နေတုန်း တစ်ခုခုဖြစ်သွားခဲ့ပါက ဒီတာဝန်ကို သူတို့ဘယ်လိုများ ခေါင်းခံနိုင်ပါလိမ့်မည်နည်း။
ကြီးမားလှသည့် မီးခိုးရောင်အိပ်ရာပေါ်တွင် ဖြူရော်နေသည့်လူသားကြီး တစ်ယောက်သည် ကျောက်တုံးတစ်တုံးအလားနှယ် မလှုပ်မယှက် ငြိမ်ငြိမ်သက်သက် ထိုင်လို့နေ၏။
လေပြေလေးတစ်ခု ပြတင်းပေါက်မှတဆင့် ဖြတ်ပြေးထိခတ်လာရာ၊ သူ၏အင်္ကျီကော်လံမှာ ပင့်တက်သွားရတော့ချေပြီး သူ၏ပိန်လျနေသည့် အ၇ိုးပေါ်အရေတင်လာသောလက်မောင်းတို့ လှစ်ဟသွားချေသည်။
သူ၏အလုပ်များလွန်းလှစွာသော အလုပ်ချိန်အချိန်ဇယားတို့ကြောင့် လပိုင်းလေးအတွင်းမှာပင် သူသည်ကား သိသိသာသာ ပိုလို့ပိန်လာခဲ့ ချေပြီ။
အစောနကအထိပင် ဒေါသတို့အပြည့် ရှိနေပါသေးသည့် ရီဝမ်ဝမ်။ သို့သော်၊ သူ့အား မျက်နှာချင်းဆိုင်ကာမြင်တွေ့လိုက်ရသည်တွင်တော့ သူမ၏ဒေါသတို့သည် ပူဖောင်းတစ်လုံး အပ်နှင့်အထိုးခံလိုက်ရသည့် အလားနှယ် လုံးဝအတိပင် ဒေါသတို့ လျော့ကျကင်းစင်ထွက်သွား တော့ချေသည်။