စာစဉ် ၂၁ ( ၁၅ + ၁၆ )
10.8K 814 9
Book.              :   21
Chapter.          :  15 + 16
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၂၁၊ အခန်း ၁၅။ လက်ကနေ ချော်ထွက်သွားတယ်
“ဘယ်လိုထင်လဲ ? ဒါက ကြောက်ဖို့ကောင်းရဲ့လား ၊ ဆွဲဆောင်မှုရှိတာရော လုံလောက်ရဲ့လား ?”
မိန်းကလေး၏ပေါ့ပါးသည့် ရိုးရိုးအသံလေးသည်  “ဒီနေ့ ရာသီဥတု ဘယ်လိုနေလဲ” ဟု မေးနေသယောင် ဖြစ်လို့နေ၏။ သို့တိုင်အောင်၊ သူ့အား  ငရဲခန်းမှသေခြင်းတရားသဖွယ် ခံစားမိနေစေသည်တည့်။
အစက ရီဝမ်ဝမ်အား အပြေးအလွှားသွားကယ်ပေးချင်နေသည့် စုန့်ကျင်းသည်ပင်လျှင် အခုတော့ သူ့ရဲ့ခြေထောက်သည်
ကြမ်းတွင် ကျောက်ချနေကာ သူ့မျက်လုံးအိမ်တို့မှာ ပြူးထွက်ကျလာတော့မည့်နီးနီးပင် ဖြစ်လို့နေလေပြီ။
“ဟုတ်ကဲ့…ဟုတ်ကဲ့…”
အရမ်းမိုက်လိုက်တာ !!!
သူမက အဲ့ဒီကောင်တွေကို ပေါ့ပေါ့ပါးပါးလေးနဲ့ ရိုက်ချပစ်နိုင်တယ်။ သူမ လှုပ်ရှားသွားတာတွေကလည်း သဘာဝဆန်လွန်းတယ် ။
ဒါပေမယ့်…ဒီမှာ ဘာတွေဖြစ်နေတာလဲ ?!
ဒီချိုမြိန်ပြီး လှပတဲ့ ကြက်ပေါက်လေးက ဘာလို့များ ရုတ်တရက်ကြီး သတ်ဖြတ်တတ်တဲ့နတ်ဘုရားမတစ်ယောက် ဖြစ်သွားရတာလဲ ?
အံ့အားသင့်ခြင်းတို့ ပြည့်နှက်နေသည့် မျက်နှာဖြင့်
သူ၊ သူ့ရဲ့ကပ္ပတိန်ဘက် လှည့်ကြည့်လိုက်သည်။
ဒီတွင် သူ သတိပြုမိသွားသည်ကား၊
သူ့ကပ္ပတိန်မှာ သူ့ထက်ပင် ပိုလို့ရှော့ရနေလေသည် - သူ့ကပ္ပတိန်သည်ကား လုံးဝပင် ကြောင်အလို့နေခြင်းပါတည်း။
နာကျင်မှု၊ ကြောက်ရွံ့မှုတို့ဖြင့် ချန်းရှီကျဲ့၊
သူ့လက်မောင်းအား ပွေ့ဖက်ထားရင်း အရိုင်းဆန်စွာ ကယောင်ခြောက်ခြား ပြောလာတော့သည်။
“အား ! လုံလောက်…လုံလောက်ပါတယ်။ လုံလောက်ပါတယ်…”
မိန်းကလေးသည် သူမလက်ထဲက သေနတ်ကို ဆော့ကစားနေပြီး၊ ဘာကိုမှ မမှုလေသည့်အလားပင် ။ သူမ၊ အနားတွင် ရှိနေသည့် ၀ိုင်တစ်ပုလင်းအား စိတ်မပါလက်မပါဖြင့် ကောက်ယူလိုက်လေသည်။
“ဂွက်” ခနဲ အသံနှင့်အတူ၊ ကြမ်းပြင်အား ထိတွေ့သွားတော့သည်။ သူမလေး၊ ချွန်ထက်နေသည့် ဖန်ကွဲစတစ်ခုအား ထိုယောကျာ်း၏ ရင်ဘတ်ပေါ်က နှလုံးအနားတွင် ဖိထားလိုက်ကာ၊ နူးညံ့စွာဖြင့် ပြောဆိုလာသည်။
“ဒါဖြင့်…ပိုပြီးကြောက်စရာကောင်းတာမျိုးကိုရော…ကြိုက်လား ?”