စာစဉ် ၁၈ ( ၂၁ + ၂၂ )
10K 770 3
Book. : 18
Chapter. : 21 + 22
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၈၊ အခန်း ၂၁။ သကြားလုံးထက် ပိုချိုတယ်
စီမင်းလီသည် အမှန်တကယ်တွင် ကြောက်ရွံ့မှုတို့ ရှိမနေသည်ပင်။ အဘွားအို၏သဘောအရဆိုလျှင် သူသည် တာဝန်ရှိသူဖြစ်ကြောင်း အနှေးနဲ့အမြန် တွေ့ရှိသွားမည်ပင် ဖြစ်၏။ ပိုအရေးကြီးစိုးရိမ်စရာ ကောင်းသော အပိုင်းသည်ကား နောက်ကွယ်ကလူပင် ။
ထိုနောက်ကွယ်ကလူ၊ ထိုလူသည်ကား ရီဝမ်ဝမ်ပင်လျှင် မသိနေသည့်သူ ဖြစ်လေသည်။
"သိပြီ။ ဘွားဘက်ကနေ သတင်းတစ်ခုခုရတာနဲ့
ကျွန်မကို ချက်ချင်းအကြောင်းကြားပါ"
ရီဝမ်ဝမ်၊ ပြောလိုက်ရာ ။
ရွှီရီ၊ ချက်ချင်းဆိုသလိုပင် ခေါင်းညိတ်ပြလာ၏။
"ဟုတ်ကဲ့"
ရီဝမ်ဝမ်၊ ဒါကို ကြားလိုက်မိသည့်ချိန်၊
သူမမျက်ခုံးတို့ အနည်းငယ် မြင့်တက်သွားမိတော့သည်။
"အိမ်တော်ထိန်း ရွှီ ကျွန်မကို အခု အရမ်းကြီးယုံကြည်လွန်းနေပါလား"
ရွှီရီအနေဖြင့် သူလျိုသည် သေနှင့်ပြီးနေပြီးမို့ ထိုသူလျိုဆီကနေ ဘာသတင်းကိုမှ ရီဝမ်ဝမ်အနေဖြင့် ရှာတွေ့နိုင်မည်မဟုတ်သည်ကို ကောင်းကောင်းကြီး သိနေရမည်ပင်။ လောဂျစ်ကျကျစကားပြောရ ပါလျှင်၊ သူ့အနေဖြင့် သူမလေး၏ရုပ်အမှန်ကို သံသယ၀င်လို့ပင် ရနေပေပြီဖြစ်၏။
သို့သော်၊ ရွှီရီ အလေးအနက်မျက်နှာဖြင့် ပြန်ဖြေလာသည်ကား ။
"ကျွန်တော် သခင်မလေး ၀မ်ဝမ် ကို ယုံပါတယ်။
သခင်လေး ၉ ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ယုံပါတယ်"
ရီဝမ်ဝမ်၊ ရယ်မောချမိလိုက်တော့ပြီ။
"ဟားဟားဟား၊ ဟုတ်တာပေါ့။ ရှင့်ရဲ့အသိတရားက တချို့သော လူတွေထက်တောင် အများကြီးပိုမြင့်နေသေးတယ်"
ရွှီရီ၊ ရီဝမ်ဝမ်သည် မည်သူ့ကို ပြောဆိုနေသည်ကို သိလေရကား။
သူ အသာအယာ ချောင်းဟမ့်မိသွားတော့ပြီး ပြောလာတော့၏။
*အဟမ်း* "လျိုယင်၊ သူက....နည်းနည်းလေး ခေါင်းမာတတ်လို့ပါ..."