စာစဉ် ၁၉ ( ၅ + ၆ )
9.4K 755 1
Book.              :   19
Chapter.          :  5 + 6
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၉၊ အခန်း ၅။ လောင်းရဲလား
ရွှီမင်သည် အလွန်တရာပင် ထောင်လွှားနေသည်ကို တစ်ယောက်သောသူသည်က ပြောနိုင်ပေသည်။
သို့သော်၊ သူသည် ထောင်လွှားဖို့ရာ တတ်နိုင်ပေသည် - သူ့တွင်ကား အရည်အချင်းရှိသလို အင်အားတောင့်သည့် နောက်ခံအသိုင်းအ၀ိုင်း ကြီးတစ်ခုသည်လည်း ရှိနေသည်။
သူ့ရဲ့သရုပ်ဆောင်စကေးတို့သည် သင်တန်းဆင်းထားကြသည့် သရုပ်ဆောင်ဟောင်းတို့နှင့် အလှမ်းကွာလှသော်လည်း၊ လူငယ်အိုင်ဒေါအဖွဲ့တို့နှင့် နှိုင်းယှဉ်ကြည့်ပါက သူ့ရဲ့သရုပ်ဆောင် စွမ်းရည်မှာ အတော်လေးကောင်းသည်ဟု ဆိုရမည်။
ဥပမာဆိုရသော်၊ ကုန်ရွှီ - သူ၏ချောမောခန့်ညားသည့်မျက်နှာနှင့် ချမ်းသာကြွယ်ဝမှုတို့ကြောင့် အောင်မြင်ကျော်ကြားနေသော်ငြားလည်း၊ သူ၏သရုပ်ဆောင်ခြင်းသည်ကား ကြည့်ရှုဖို့ရာ အလွန်တရာမှပင် ဆိုးရွားလှချေသည် - သူသည် အစကနေ အဆုံးအထိ မျက်နှာလှလှ လေးကိုသာ ထုတ်ပြနိုင်ခြင်းဖြစ်၏။ သူ့အနေဖြင့် စာကြောင်းတို့ကိုပင် မှတ်မိနိုင်ခြင်းမရှိဘဲ သရုပ်ဆောင်နေချိန်မှာလည်း နံပါတ် ၁ ၂ ၃ ၄ ၅ ၆ သာလျှင်ပြောကာ သူ့ရဲ့စာကြောင်းတို့အား အသံသွင်းထည့်ရသည်ပင်။ ဖိုတိုရှော့များ၊ လူစားထိုးထားခြင်းများနှင့် တခြားသောနည်းပညာများ အားလုံးတို့သည်ကား သာမန်နှင့်တော့ မတူသည်ပင် ။
ထို့ကြောင့်ပင်၊ ရွှီမင်လိုလူငယ်လေးသည် ကျော်ကြားအောင်မြင်နေ ၊ နောက်ခံအနေဖြင့် စပွန်ဆာတစ်ယောက်ရှိနေသလို ၊ သူ၏သာမန် သရုပ်ဆောင်နိုင်စွမ်းသည် အတော်လေးအသိအမှတ်ပြုထိုက်သည်ပင်။
ရီဝမ်ဝမ်၏အတိတ်ဘ၀တုန်းက သူ လင်းလျိုချန်း၏
နေရာကို ရနိုင်ခဲ့ခြင်းမှာ အံ့သြစရာမရှိပါချေ။
ဒါရိုက်တာသည် တစ်ခြားသူတစ်ယောက်ယောက်သာ ဖြစ်နေမည် ဆိုပါက လျိုချန်းကို ရွှီမင်နှင့် ရင်ဆိုင်ဖို့ရာ လောင်းရဲလိမ့်မည် မဟုတ်ပါချေ။ သို့သော်၊ ဒီတစ်ခေါက်ဒါရိုက်တာသည် စုန့်ကျင်းလင် ဖြစ်နေသည် - စုန့်ကျင်းလင်၊ “ကြောက်စရာကောင်းသော နဂါး ၂”
ကို ပြန်ရိုက်ကူးဖြစ်ခြင်းမှာ လင်းကျုံ၏နောက်ဆုံးသောဆန္ဒကို ဖြည့်ဆည်းပေးဖို့ရာ ဖြစ်၏။