စာစဉ် ၂၂ ( ၁ + ၂ )
9.6K 811 12
Book.              :   22
Chapter.          :  1 + 2
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၂၂၊ အခန်း ၁။ စွမ်းအင်ကို ဖယ်ရှားခြင်း
မနေ့ညက စကားလက်တွင် ရှိကျန်ခဲ့ကြသည့် လူအားလုံးမှာ စီရီဟန်၏လူရင်းတွေ ဖြစ်ကြသည်မို့ ထိုကိစ္စရပ်အတွက် ပါးစပ်ပိတ်ကြဖို့ရာ အမိန့်ထုတ်ထားပြီးသား ဖြစ်လေပြီ။
ရီဝမ်ဝမ်အဖို့သည်ကား ၊ သူမသည် သူမ မူးသွားခဲ့သည့်အပိုင်းကစပြီး ဘာဆိုဘာမှ အမှတ်ရခြင်းမရှိတော့ဘဲ အရိုက်ခံထားရ၍ တစ်ကိုယ်လုံး ကိုက်ခဲနေခြင်းဖြစ်သည်ဟု တွေးထင်နေလေ၏။ တကယ်တော့ သူမ အချက်အလက်တွေအများကြီး လွတ်နေသည်မှန်း ခံစားနေမိပါ၏။ သို့သော်၊ ရွှီရီ နှင့် တခြားသူများက သူမအား အပ်ကြောင်းထပ် ဖန်တရာထေအောင် ဇာတ်လမ်းမှားကြီးတစ်ပုဒ်သာ ပြောပြနေခြင်းမို့ သူမအနေဖြင့် သံသယမ၀င်မိခြင်း ဖြစ်၏။
“အဲ ဟုတ်သားပဲ ။ ယန်ရန် ဘယ်ရောက်သွားပြီလဲ ? အဆင်မှပြေရဲ့လား မသိဘူး ?”
ရုတ်တရက် ရီဝမ်ဝမ် အမှတ်ရသွားမိခြင်း ဖြစ်၏။
“ရွှီရီ တစ်ယောက်ယောက်ကို လိုက်ပို့ခိုင်းလိုက်ပြီ”
စီရီဟန် ပြန်ဖြေလာ၏။
“ဒဏ်ရာရသွားသေးလား ?”
“ဟင့်အင်း”
“ကောင်းတယ် ၊ ကောင်းတယ်….”
ရီဝမ်ဝမ် သက်ပြင်းချလာချေသည်။
ရီဝမ်ဝမ် ပြောနေရင်းဖြင့် လျိုယင်နှင့်စုန့်ကျင်းဘက်
အမူအရာကင်းမဲ့စွာ လှည့်လာသည်။
မနေ့ညတုန်းက သူမ အန္တရာယ်ထဲ ရောက်နေတုန်း
သူတို့သည် မတ်တပ်ရပ် ကြည့်နေခဲ့ကြလေသည်။
သို့သော်၊ ဤသည်ကား သူမ၏အတိတ်ဘ၀တုန်းက သူမ ဖြတ်ကျော်ခဲ့ရသည်တို့နှင့်စာပါက ဘာမှမဟုတ်ပါသေးချေ။
ရီဝမ်ဝမ်၊ သူမ၏အကြည့်တို့ကို ပြန်ရုတ်လိုက်တော့ကာ။
“ကျွန်မ ရှင်တို့ကို ထပ်မနှောင့်ယှက်တော့ဘူး။ ဆက်ပြောကြနော်….”
သူမအနေဖြင့် စီရီဟန်သည် သူတို့နှစ်ဦးအား ဘယ်လိုစီရင်လိမ့်မလဲ ဆိုသည်ကို ဂရုမစိုက်လိုပါချေ။