စာစဉ် ၂၄ ( ၅ + ၆ )
8.9K 845 7
Book.              :   24
Chapter.          :  5 + 6
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၂၄၊ အခန်း ၅။ သူမကို မစော်ကားနဲ့
ဒီအချိန်၊ ရီဝမ်ဝမ်၏မျက်နှာမှာ မာထန်လို့နေလေပြီ ။
“ရွှီရီ၊ ဒီလိုလူမျိုးကို အနက်ရောင်အဖွဲ့ထဲ ၀င်ခွင့်ပြုထားတယ်လား ? ဒါက စည်းကမ်းနဲ့ မသွေဖီနေဘူးလား ?”
ရွှီရီ၊ ခေါင်းကို ခါယမ်းပြလာ၏။
“ဒီလိုဆိုပေမယ့်လည်း စည်းမျဉ်းစည်းကမ်းအရ တိုက်ပွဲအတွင်းမှာ လက်နက်တွေနဲ့ ခိုးကြောင်ခိုးဝှက် မတိုက်ခိုက်ဖို့ပဲ တားမြစ်ထား ပါတယ်…”
ဘုန်း ဆိုသည့်အသံကြီးတစ်ခု ဟိန်းထွက်လာတော့ပြီး၊
အီလဲဗင်း၊ အကန်ခံလိုက်ရခြင်းကြောင့် ကြိုးဝိုင်းဘေးနား လဲကျသွားတော့သည်။
ယွမ်ရှန်၊ ရယ်ကာမောကာဖြင့် လျှောက်သွားကာ
အီလဲဗင်း၏မျက်နှာကို တက်နင်းတက်ရင်း ။
“ရှုံးတယ်လို့ ၀န်ခံပြီလား၊ ကပ္ပတိန်ကြီးရဲ့ ?”
အီလဲဗင်း၊ လေးဘက်ထောက်ကာ နောက်ထပ်တစ်ဖန်
ယိုင်တိုင်တိုင်ဖြင့် မတ်တပ်ထရပ်လာ၏။
သူ၏ချွေးတို့သည် သူ၏အမြင်အာရုံကို အုပ်ဆိုင်းလို့နေပြီး
သူ့အရှေ့က အရာရာတိုင်းသည်ေ၀၀ါးလို့နေလေသည် ။
“မင်း သေချင်နေတာလား !” ယွမ်ရှန်၊ နှာခေါင်းရှုံ့ပြောလိုက်၏။ နောက်တစ်ခန၊ ၀ှစ်ခ်ျ ခနဲ အသံတစ်ခု ထွက်လာချေသည် ။ သူ၏လက်ချောင်းတို့မှာ ချွန်မြနေသည့်လက်သည်းတို့အလား၊ လျင်မြန်စွာဖြင့်ပင် အီလဲဗင်း၏လက်ချောင်းထက်က
ကပ္ပတိန်လက်စွပ်ဆီ ပြေးဝင်သွားသည်နှင့်….
“အား အား အား ----”
အီလဲဗင်း၊ ဟစ်အော်လာတော့ပြီး၊
နောက် အရိုးကျိုးသံ ပေါ်ထွက်လာတော့၏။
“ခွမ်” ငွေရောင်လက်စွမ်မှာ ကြိုးဝိုင်းထဲက ကျောက်သားမျက်နှာပြင်ပေါ် ကျဆင်းသွားပြီး၊ ချလွမ်ဟူသော ရှင်းလင်းသည့်အသံတို့ ထွက်ပေါ်လာ ရာ ။
“ကပ္ပတိန် !”
“ကပ္ပတိန် အီလဲဗင်း !”
“ယွမ်ရှန် ! အဲ့ဒီခွေးကောင် !”