စာစဉ် ၁၉ ( ၁၇ + ၁၈ )
9.1K 779 10
Book.              :   19
Chapter.          :  17 +  18
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၉၊ အခန်း ၁၇။ င့ါရဲ့ဂုဏ်ကို ဖျက်ဆီးဖို့ ကြိုးစားနေတာလား
သို့သော်လည်း၊ ဒါသည် အံ့အားသင့်စရာ မဟုတ်ပါချေ - လျိုချန်းသာ ဒီဇာတ်ကောင်နေရာကို မရတော့ဘူးဆိုပါက ရီပိုင်၏ကြိုးစားထား သမျှအားလုံးတို့မှာ သဲထဲရေသွန်သလို ဖြစ်သွားတော့မည်ပင်။
ငါ အ၇င်က ပြောဖူးပါတယ် - ငါ ဒက်ဇလင်းမှာ ရှိနေသရွေ့၊ လျိုချန်း အနှေးနဲ့အမြန် ငါ့ဆီကို လေးဘက်ထောက်ပြီး ပြန်လာရပါမယ်ဆိုတာ။
ဒီအထိ တွေးလိုက်မိရင်း၊ ကျိုးဝမ်ဘင်း၊ ပိုလို့ပင် စိတ်ရွှင်လာ
တော့သည်။ သူ ဇိမ်ကျပမ်ကျပင် ၀င်သွားလိုက်တော့၏ ။
“ရီပိုင်၊ ဒီမှာ လာလာလုပ်နေတာလဲ။ ထုတ်လုပ်ရေးအဖွဲ့က ကုန်ရွှီကို လင်းလျိုချန်းအဖြစ်နဲ့ ရွေးချယ်ထားပြီးသွားပြီ။ ဒီမှာ ရုပ်ရှင်လာရိုက်ပြ နေတာက ကြည့်ရမဆိုးဘူးလား”
ကျိုးဝမ်ဘင်း၏ရိုင်းစိုင်းသည့်မှတ်ချက်စကားတို့ကို ကြားလိုက်ရ သည့်ခိုက်၊ ကုန်ရွှီ၏မျက်နှာ ချက်ချင်းပင် အေးစက်သွားတော့သည်။
ရီဝမ်ဝမ်ကား ခြေထောက်နှစ်ဖက်ကို ချိတ်ထားလျက်သား။
သူမရဲ့နဖူးကို လက်တစ်ဖက်ဖြင့် ဖိထားပြီး ကျိုးဝမ်ဘင်းအား
ရွဲ့တဲ့တဲ့ဖြင့် ရယ်ပြလာရင်း။
“အိုး။ ကုန်ရွှီက လင်းလျိုချန်းနေရာကို ရထားတာလား။
ဒီအကြောင်းကို ကျွန်တော် ဘယ်လိုလုပ်ပြီးတော့ မကြားမိရတာလဲ”
ဒီအချိန်၊ စိတ်ကျေနပ်လို့နေဆဲဖြစ်သည့် ကျိုးဝမ်ဘင်း၊
ကုန်ရွှီဆီက ခြားနားမှုတို့ကို သတိမပြုမိသေးချေ။ ရီပိုင်သည် အမှန်တရားကို လက်ခံနိုင်ခြင်း မရှိခြင်းဟုသာ မြင်နေလျက်၊
သူ နှာခေါင်းရှုံ့ပြောဆိုလာသည်။
“ငါတို့ ကုန်ရွှီက ‘ကြောက်စရာကောင်းသော နဂါး ၂’ အတွက် ပြင်ရဆင်ရဦးမှာနဲ့ အလုပ်ရှုပ်နေတယ်။ သူ့မှာ မင်း ရန်စနေတာကို  ထိုင်ကြည့်ပေးနေဖို့ အချိန်မရှိဘူး”