စာစဉ် ၂၀ ( ၁ + ၂ )
10.3K 918 29
Book.              :   20
Chapter.          :  1 + 2
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၂၀၊ အခန်း ၁။ ကျွန်တော် ရှိနေပြီးသား
ရှောင်ချင်း၊ စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောလို့နေသည်။
“ပြီးတော့ အစ်ကို ရီ ရာထူးတိုးသွားပြီ။ အစ်ကို ရီ က အခု ၀န်ထမ်းခန့်အပ်ရေးဌာရဲ့ဒါရိုက်တာဖြစ်သွားပြီ….”
လျိုချန်း၊ ကြောင်အမင်သက်စွာဖြင့် နားထောင်နေဆဲရှိသေး၊ ခြေလှမ်းသံနှစ်ခု တံခါးဆီ ကပ်လာချေသည်။
ရီပိုင် ရုံးခန်းဆီသို့ ပြန်ရောက်လာခြင်း ဖြစ်၏။ သူ့အနောက်တွင်ကား….ကုန်ရွှီ !
ကုန်ရွှီသည် ခုနကမှပင် မိတ်ကပ်လိမ်းခြယ်လို့ ပြီးစီးသွားခဲ့ခြင်းဖြစ်ရာ။ သူ၏ဖြစ်တည်မှုကြီးတစ်ခုလုံးသည် တောက်ပထွန်းလင်းလို့နေချေပြီ။ သူ အထဲကို လျှောက်လှမ်းလိုက်သည်နှင့် ရုံးခန်းပါ ထွန်းပသွားတော့ သည်။ “ဟိုင်း ~”
“အား ! ကုန်…ကုန်ရွှီ !” ရှောင်ချင်း အံ့သြစွာဖြင့် ပြောလာခြင်း။
ကုန်ရွှီသည် သွားလေရာရာတိုင်း၊ ကိုယ်ရံတော်တွေမြောက်မြားစွာနှင့် ခြံရံထားသည့် သူ့ပတ်ပတ်လည်တွင် ကြယ်ပွင့်လေးတွေ ထွန်းလင်းနေ သည့်အလားပင်ဖြစ်၏။ သူတို့တွေသည် ကုမ္ပဏီတစ်ခုထဲတွင် အလုပ်လုပ်နေကြခြင်းဖြစ်သော်ငြားလည်း၊ လက်ထောက်လေးသည် ကုန်ရွှီအား ဒီလောက်နီးနီးကပ်ကပ်ကြီး မြင်ဖူးခဲ့ခြင်းမရှိခဲ့ပါချေ။ အခုတော့၊ သူမ သူ့ကို တွေ့နေရပြီဖြစ်လေရာ၊ သူမလေး မေ့လဲကျလုနီးပါးပင် စိတ်လှုပ်ရှားလွန်းနေလေ၏။
“ဟယ်လို၊ ချစ်လေး၊ တွေ့ရတာဝမ်းသာပါတယ်။
ငါတို့တွေ အခု မိသားစုဖြစ်သွားကြပြီနော်”
ကုန်ရွှီ၊ သူမလေး၏အမူအရာကို မြင်လိုက်ရသည့်ချိန်၊ ပိုလို့ယုံကြည်မှုရှိလာတော့ပြီး သွားတက်ကလေးအား မသိမသာလေးလှစ်ဟလို့ ပြုံးပြလိုက်တော့ချေ၏။
သူ ပြုံးပြလိုက်သည်နှင့် လက်ထောက်မလေးသည်လည်း
ရူးတော့မထိ ထိကြွေသွားရတော့သည်။