Book. : 24
Chapter. : 3 + 4
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၂၄၊ အခန်း ၃။ မင်းကို အရင်တိုက်ခွင့်ပေးတယ်
ခေါင်ချုပ် ကပ္ပတိန်နေရာကို ပြန်ယူပစ်မည်ဟု ကြွေးကြော်ဟစ်ကြွေးထားခဲ့သည်ကား သူ။
ထိုသူသည် သူ၏မိတ်ဆွေရင်းတစ်ဖြစ်လဲ လက်အောက်ငယ်သား တစ်ဦးအား လူတိုင်း ရှေ့တွင် အမှန်တကယ်ကြီး ရှုံးနိမ့်သွားခဲ့လေပြီ ။
လျိုယင်၊ သူ့ရင်ဘတ်ထဲတွင် တောတွင်းသားရဲကြီးတစ်ကောင် မာန်ဖီကာ တဝေါဝေါ ဟိန်းဟောက်နေသည့်အလားနှယ်၊ စိတ်ခံစားချက်တို့အားလုံးသည် သူ့အား တစ်စစီ ဆုတ်ဖြဲလို့နေ၏။
သိပ်မဝေးသည့်နေရာဆီမှ ရီဝမ်ဝမ်သည်လည်း အံ့အားသင့်နေသည်တည့်။
လျိုယင် ရှုံးသွားတယ် ။
သူမ၏အတိတ်ဘ၀တုန်းက ယွမ်ရှန် သည် ဘာကိုမှ လုပ်ဆောင်
ထားခဲ့ခြင်း မရှိသည်မို့ သူမထံတွင် ဒီယွမ်ရှန်နှင့်ပတ်သက်သည့် မှတ်ဥာဏ်တို့ သိပ်မရှိခဲ့ပေ ။ သို့သော်၊ ယခုဘ၀တွင်တော့
သူ တကယ်ကြီး လျိုယင် ကို အနိုင်ပိုင်းသွားခဲ့လေပြီ…
“ကျွန်တော် အီလဲဗင်း ကို စိန်ခေါ်ချင်တယ် !”
လက်ရှိအချိန်တွင်မူ၊ ယွမ်ရှန်၏အသံသည်သာ
ကွင်းကြီးတစ်ခုလုံးတွင် ဟိန်းထွက်လို့နေ၏။
“ရတယ် !” စိန်ခေါ်လာသည်အား လက်ခံလိုက်သည့် အီလဲဗင်း ။ သူ၏ကပ္ပတိန်နေရာ ထိုင်ခုံကနေ မတ်တပ်ရပ်လိုက်ကာ ကြိုးဝိုင်းထဲ ၀င်သွားလေသည် ။
“အအအ-အကောင်းဆုံး…ကြိုးစားထား…သူသူ-သူ့ကို…သေအောင်…ရိုက်ပစ်လိုက် !” စကားထစ်လေး၊ သူ၏အဖွဲ့ခေါင်းဆောင်ထိုင်ခုံနေရာ ကနေ အားပေးစကား ဆိုလိုက်သလို ။
“အကောင်းဆုံးကြိုးစားထား၊ ကပ္ပတိန် !”
“ဘယ်သူက မိုက်လဲဆိုတာ ဒီကောင်ကို ပြလိုက် !”
“ကျွတ်စ်၊ သူ့လိုလူက ဘယ်လိုလုပ်ပြီး ကပ္ပတိန်ဖြစ်ဖို့ အရည်အချင်းရှိလို့လဲ ? သူက နောက်လိုက်သာသာပဲဟာ။ ပြီးတော့ လျိုယင် မွေးထားတဲ့ခွေး ဖြစ်ပြီးတော့…သူ့ကို ကျွေးတဲ့လက်ကို ပြန်ကိုက်တဲ့ကောင်”
YOU ARE READING
Romanceစာစဉ် ၁၈ မှ စဖတ်နိုင်သည် ။ စာစဉ် ၁၈ မှ စပြီး ဖတ်နိုင်ပါသည်။