စာစဉ် ၂၄ (၁၇ + ၁၈ + ၁၉ + ၂၀ + ၂၁ + ၂၂ + ၂၃ + ၂၄)
13.4K 771 63
Book.              :   24
Chapter.          :  17 + 18
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၂၄၊ အခန်း ၁၇။  ကျားဖြူကြီး
သမိုင်းတွင် ချောမြှူရအလွယ်ကူဆုံး မကောင်းဆိုးဝါးကြီးအနေနဲ့၊ မျှော်လင့်ထားသလိုပင်၊ စီရီဟန် နောက်ထပ်တစ်ကြိမ် လက်နက်ချ သွားပြန်သည် ။
ဖုန်တွေ ပေကျံနေသည့် မိန်းကလေးအား တစ်ချက်ကြည့်လိုက်ပြီး ။
“ဒီနေ့ ပျော်လို့ဝပြီလား ?”
“၀ပြီ ! ပျော်စရာကြီးပဲ ! နည်းနည်းလောက် ကိုယ်လက်လေ့ကျင့်ခန်း လှုပ်လိုက်ရတာ မိုက်သားပဲ ! ချစ်ကို စောင့်ဦး - အ၀တ်အစားလဲလိုက် ဦီးမယ်။ ပြီးတာနဲ့ ဈေးဝယ်ထွက်ကြတာပေါ့။ အစားအသောက် ကောင်းကောင်း ရှိတဲ့နေရာကို ချစ် ခေါ်သွားပေးမယ်နော် !”
ရီဝမ်ဝမ်၊ မြန်မြန်စကားလမ်းကြောင်းပြောင်းလဲပြီး
အ၀တ်လဲခန်းထဲ လှစ်ခနဲ ထွက်သွားတော့၏။
ကပ်သီလေးပဲ !
ဒိတ်လုပ်တော့မှပဲ ငါ့မိဘတွေနဲ့ တွေ့ဖို့ကိစ္စကို
အခွင့်အရေးရှာပြီး ပြောတော့မယ်….
သူမလေး ထွက်သွားသည့်ပုံကို ကြည့်လို့နေသည့် စီရီဟန် ။ သူ၏မျက်လုံးတို့သည် လရောင်အောက်က နက်ရှိုင်းသည့်ပင်လယ်ပြင် လို လှိုင်းလုံးကြီးတွေ တ၀ုန်းဝုန်းလှိမ့်လာနေဟန်ပင်…
ရီဝမ်ဝမ် အ၀တ်အစားလဲနေစဉ်၊
စီရီဟန်၊ ကျားဖြူကြီးနှင့်အတူ
အောက်ထပ်ဆင်းသွားသည် ။
ရက်ရက်စက်စက် သတ်ဖြတ်သူကြီးသည်
ဒီရက်တွေမှာ ကျင်းဥယျာဉ်မှာ အချိန်ကုန်များပြီး သူရဲ့ခန္ဓာကိုယ် ၀ပြည့်ကြံ့ခိုင်လာသည်အထိ ရီဝမ်ဝမ်က ကျွေးမွေးပေး၏….
မကြာခင်အချိန်အတွင်းမှာပင်၊ ရီဝမ်ဝမ် အ၀တ်အစားလဲပြီးသွားသည်မို့ အောက်ထပ်သို့ ခုန်ကျော်ဆင်းလာ၏။
သူမလေးကား စီရီဟန်နှင့် အရောင်တူ၊ ပန်းရောင်ဖျော့ A လိုင်း ပန်းပွင့်ဂါဝန်လေးနှင့် မီးခိုးပြာရောင် သိုးမွေးဂျက်ကတ်ကို ၀တ်ဆင်ထားလျက် ၊ သူမလေး၏ဖြူဥနေသည့်ညှပ်ရိုးလေးနှင့် ရှည်သွယ်သည့်ခြေသလုံးသားတို့ကို လှစ်ဟပြထားသည် ။ သူမလေး၏အဖြူရောင်ဒေါက်ဖိနပ်လေးမှာ ထူးခြားလှ၏ - သူမလေး၏ သွယ်လျသည့်ခြေကျင်းဝတ်နားတွင် ပန်းပွင့်လေးတွေ ချိတ်တန်းထား လေဟန် ။ သူမလေး၏သဘာဝဆန်ဆန် ကော့တက်နေသည့် ပိတုန်းရောင်ဆံကေသာမှာ သူမလေးပုခုံးထက် ၀ဲကျနေကာ လှုပ်ရှားလိုက်လေတိုင်း ယိမ်းကာနွဲ့ကာဖြင့်….